သူပြုံးရယ်လိုက်တိုင်း ငါ့နှလုံးသားမှာ နေကြာတွေပွင့်လာတတ်တာ.. ။
×
မထူးဆန်းပေမယ့် ထူးဆန်းစွာပင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဆင်ပြေနေခဲ့သည်။ လူအများမြင်နိုင်တဲ့ ပတ်ဝန်းကျင်တွေမှာ အတော်အသင့်ရင်းနှီးသည့် မိတ်ဆွေတွေဖြစ်ပြီး ကန့်လန့်ကာများရဲ့ နောက်ကွယ်တွင်တော့ အစအနောက်များပြီး နီးနီးကပ်ကပ်ရှိနေတတ်သည့် ရည်းစားတွေဖြစ်သည်။
Yu Jimin က တစ်ခါတစ်လေ အားနာစရာကောင်းရလောက်တဲ့အထိ Minjeong အလိုကိုလိုက်ပေးသည်။ စကားနားထောင်ပေးသည်။ မလုပ်နဲ့ဆိုလျှင် တွေးတောင်မတွေးတော့တဲ့အထိ သူမရဲ့ဆုံးဖြတ်ချက်ကို အလေးထားသည်။
အရင်က ယောကျ်ားလေးများနှင့် လက်ချိတ်တွဲသွားတဲ့ မြင်ကွင်းမျိုး မမြင်ချင်ဘူးဆိုတော့ သူ့အနားကပ်ဖို့ကြိုးစားသည့် အမျိုးသားများနှင့် နှစ်ပေလောက်(ရံဖန်ရံခါတွင်မူ ထိုထက်နီး) အကွာအဝေးမှ စကားပြောသည်။
မလိုအပ်ဘဲ Aeri နှင့် သူမကို သဝန်မတိုနဲ့ဟု မှာထားလျှင် သက်ပြင်းချပြီး စိတ်ကိုထိန်းသည်။ နေ့တိုင်း အိမ်ပြန်ပို့စရာမလိုဟု သတ်မှတ်ထားလျှင် အိမ်ကိုသေချာပြန်ရောက်မရောက် ဖုန်းဖြင့်အမြဲဆက်သွယ်ကာ မေးသည်။
ထင်မထားလောက်အောင် နားလည်ပေးတဲ့အတွက် ကိုယ့်ကိုကိုယ် ကံကောင်းသူမှန်း Minjeong သိသည်။ တစ်ခါတစ်လေ သူ့လိုလူက မိမိဆီမှာ ဝဋ်ကြွေးလာဆပ်နေတာများလားလို့ပင် ပေါက်ပေါက်ရှာရှာ စဥ်းစားမိသေးသည်။
"လိုအပ်တဲ့ လူဦးရေပမာဏရဖို့ ပစ္စည်းကွာလတီကို စိစစ်ထုတ်တာအပြင် ကိုယ့်ပစ္စည်းကိုသုံးချင်လာအောင် ဆွဲဆောင်နိုင်မယ့် ပုံ၊ စာ၊ ကမ်ပိန်းတွေ၊ ကြော်ငြာတွေကို အသုံးပြုပြီးတော့ .."
အတန်းရှေ့ထွက်ကာ ဝှိုက်ဘုတ်ပေါ်တွင် စာရေးလိုက်၊ လှည့်ရှင်းပြလိုက်ဖြင့် Yu Jimin တစ်ယောက် Presentation လုပ်ရင်း ကြည့်ကောင်းနေသည်။ ဆံပင်တွေချထားပြီး ဘယ်ဘက်လက်တွင်မူ ပန်းနုရောင် ခေါင်းစည်းကြိုးကို အဆင်သင့်ဝတ်ထားသည်။

VOCÊ ESTÁ LENDO
Happened
Fanficလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။