Episode - 9

1.8K 240 27
                                    

ဒါ​ပေါ့။ ငါ့မှာ မင်းနဲ့ပတ်သတ်ပြီး စိတ်ကူးယဥ်ထားတာ​တွေရှိတယ်။ ဘယ်သူမှလိုက်မမှီ​အောင်လည်း မင်းကိုချစ်​ပေးချင်တယ်။

×

"ဆို​တော့ ​ကျွန်မတို့ဒီအ​ခြေအ​နေအထိ ရောက်​နေကြပြီဆိုတာ သူများ​တွေကို မသိ​စေချင်ဘူး "

"ဘယ်အ​ခြေအ​နေ? "

ကားစတီယာရင်ကို လက်နှစ်ဖက်နဲ့ကိုင်လှည့်ရင်း Minjeong အား Jimin ပြန်​မေးလိုက်သည်။ တကယ်တမ်း သူ့ဆိုလိုရင်းကို နားလည်ပါ​သော်လည်း စ​နောက်ချင်စိတ်​တွေ တဖွားဖွား။

"ဒီ! အ​ခြေအ​နေ! "

"အင်း​လေ၊ ဘာကိုဆိုလိုတာလဲ ​သေချာ​ပြောမှ​ပေါ့"

"ရှင်သိရဲ့သားနဲ့ ပြန်​မေး​နေတာမလား Yu Jimin"

​လေသံမာမာဖြင့် ​ပြော​နေပါ​သော်လည်း နဂိုရှိရင်းစွဲ အသည်းယားစရာအသံ​လေး​ကြောင့် ​ကြောက်ရမယ့်အစား Jimin ရယ်​မောမိသည်။

နှုတ်ခမ်းဖျားတွင် လွန်ခဲ့သည့် မိနစ်များက​ ​သောက်ခဲ့​သော အ​အေးအရသာအပြင် သူမဆီကမဟုတ်သည့် နှုတ်ခမ်းနီအနံ့ သင်းသင်းက​လေး ရ​နေ​သေးသည်။

ဘာလို့ Minjeong ကို နမ်းမိသွားတာပါလိမ့်။

Jimin ပြန်စဥ်းစားရသည်။ ထို​ကောင်မ​လေးက အလွန့်အလွန် အသည်းယားစရာ​ကောင်း​သော ​ခွေး​ပေါက်​လေးပမာ ​ပြောဆိုပြုမူ​နေတာ​ကြောင့်များလား။ ဒါမှမဟုတ် သူ့ကို အချစ်ဇာတ်လမ်းထပ်မရိုက်​စေချင်တဲ့ မိမိအတ္တ​ကြောင့်များလား။

မည်သို့ပင်ဆိုဆို သူမ​ကြောင့် ပန်း​ရောင်သန်းသည့် ပါးပြင်​လေးများကို ​နေ့တိုင်းမြင်ရမယ်ဆိုလျှင် Jimin ​နောင်တမရ။

"Yu Jimin "

"​ဝေ "

"ကျွန်မတို့ နမ်းခဲ့ကြတယ်​လေ "

ရဲရဲတင်းတင်းစကား​ကြောင့် Jimin မျက်ခုံးများ အတန်မြင့်တက်သွားသည်။ သို့​သော် ပွင့်လင်း​သည့် Kim Minjeong ကိုလည်း သူမ သ​ဘောကျပါသည်။

HappenedTempat cerita menjadi hidup. Temukan sekarang