Episode - 16

1.5K 219 55
                                    

ယုံကြည်​ပေးမယ်ဆိုရင်..။

×

​ချောကလက်ပူပူနှစ်ခွက်နဲ့ အခန်းမီးဖြူဖြူ။ မင်​ဂျောင်းထိုင်​နေရာက ဆိုဖာမှာ​ဖြစ်​​ပေမယ့် အစ်မက​တော့ သူ့​ချောကလက်​ဖျော်ရည်ခွက် ကိုင်၍ မီးဖို​ကောင်တာကို မှီရင်း မတ်တပ်ရပ်​နေသည်။

အသံအတိပြီး​​နေသဖြင့် အိမ်ထဲက ရာသီဥတုသည် ပြင်ပထက် ပိုမို​အေးစက်​နေသည်။

"အယ်ရီ ဘာလို့ဒီကို​ရောက်လာတာလဲ"

သူကအရင် ​မေးခွန်းစ​သဖြင့် မင်​ဂျောင်း သူ့ကိုလှမ်းကြည့်မိသည်။ အမြဲတမ်း ​နွေး​နွေး​ထွေး​ထွေးသာ ကြည့်​လေ့ရှိ​သော ထိုမျက်လုံးများက အသက်မပါတာ မြင်ရသဖြင့် ဝမ်းနည်းသည်။

"အိပ်​ပျော်မလိုဖြစ်​နေတုန်း ဖုန်းဆက်လာ​တော့ ​ယောင်ပြီး​ပြောမိသွားတာ"

"​သြော်"

"အစ်မက​ရော ဘာလို့အဆက်အသွယ်ဖြတ်ထားတာလဲ"

"ဘာရယ်မဟုတ်ပါဘူး၊ စိတ်ရှုပ်စရာ​လေး​တွေ ရှိတာနဲ့ ခဏ​လောက် တစ်​ယောက်တည်း​နေချင်လို့"

မင်​ဂျောင်း မခံစားနိုင်။ အစ်မက အရမ်း​အေးစက်လွန်းသည်။ ​ချောကလက်ပူပူ​တွေ ​သောက်​နေ​ပေမယ့် သူကအရမ်း ​ဆောင်းရာသီဆန်လွန်းသည်။ အဲ့အစား ပြဿနာရှာလိုက်။ ရန်ဖြစ်လိုက်တာကမှ ​တော်ဦးမည်။

​ချောကလက်ခွက်ကို စားပွဲ​ပေါ်တင်ကာ အစ်မနားကို ​လျှောက်သွား​တော့ လွန်ခဲ့တဲ့ သုံးရက်ကလို အ​ဝေးကိုဆုတ်မသွား။ မီးဖို​ချောင်​ကောင်တာ​အား ​ထောက်ထားသည့် လက်တစ်ဖက်က ကျစ်ကျစ်ပါ​အောင်ဆုပ်ထားတာ မြင်​ရသည်မို့ ပိုနာကျင်ရသည်။

"ကျွန်မက​တော့ တစ်​ယောက်တည်းမ​နေချင်ဘူးရှင်"

ရင်ခွင်ထဲတိုးဝင်ကာ ပုခုံး​ပေါ်မျက်နှာအပ်ရင်း မင်​ဂျောင်း ဝန်ခံမိသည်။ ထွက်မသွားနိုင်​အောင် လက်နှစ်ဖက်ဖြင့်ပါ ခါးကိုတွယ်ဖက်ထားမိသည်။

HappenedKde žijí příběhy. Začni objevovat