မင်းက အူကြောင်ကြားပဲ။ ဒါပေမယ့်လည်း မင်းကိုချစ်ပါတယ်။
×
ဒီပိတ်ရက်တွေမှာ Yu Jimin အကြောင်း မတွေးဘဲနဲ့ နေနိုင်ခဲ့တယ်ဆိုရင် Minjeong ကိုယ့်ကိုယ်ကို လိမ်ရာကျပါလိမ့်မယ်။
နှစ်ယောက် စကားပြောဖူးချိန်တွေ အကုန်ပေါင်းလိုက်ရင်တောင် နာရီပေါင်း ၁၂၀ မပြည့်ပေမယ့် မိမိအတွေးတွေထဲ သူဖြတ်ပြေးသွားချိန်တွေက ထင်ထားတာထက် ပိုများပြားလာသည်။ အားလပ်ရက်ပိုရလေ အတွေးတွေ ဗျာများလေ။
ပါတီပြီးကတည်းက တစ်ခါလေးတောင် အဆက်အသွယ်မရှိသဖြင့် သူစိတ်ဆိုးနေလားဆိုတာ Minjeong မသိ။ မိမိက စဆက်သွယ်ဖို့ကျတော့လည်း မဝံ့ရဲ။ လူအများရှေ့မှာ သူ့ကိုသိက္ခာချလိုက်သလိုဖြစ်သွားလား ဆိုသည့်မေးခွန်းဟာ ဘာလုပ်လုပ် နောက်ကလိုက်နေသည်။
Yu Jimin ဘာတွေထူးခြားလဲ၊ ဘာတွေလုပ်ဖြစ်နေလဲဆိုတာ Ningi ကိုမေးလို့ရပေမယ့် သူမ သူငယ်ချင်းဆီကနေ မေးခွန်းပေါင်းများစွာကိုတော့ ပြန်မဖြေချင်။ စပ်စုတာထက် Yu Jimin အပေါ် Minjeong စိတ်ဝင်စားနေတယ်လို့ ထင်သွားမှာကို မလိုချင်တာဖြစ်သည်။
"Minjeong ဖုန်းလာနေတယ် "
သူမအစ်ကို Doyoungရဲ့ သတိပေးသံကြားမှ နံဘေးတွင်မြည်နေသော ဖုန်းအား လှမ်းယူကြည့်ရာ ဒီရက်တွေထဲ ခဏခဏတွေ့ရသော Sung chan နာမည်က ဆီးကြိုသည်။
Minjeong သူ့ဖုန်းကိုမကိုင်ချင်ပါ။ ဖုန်းကိုင်လိုက်လျှင် သူမမှာ ပြောစရာစကားမရှိပေမယ့် Sung chan ကတော့ သူကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေကအစ အပေါ်ထပ်တိုက်ခန်းရဲ့ ခြေသံပြင်းတာအဆုံး စကားရှာပြီး ကြိုးစားပမ်းစား ပြောတာမို့ အားနာရသည်။
Sung chan သူမကို တကယ်ကြီး ကြိုက်နေတာလားဆိုသည့် ထိတ်လန့်မှုမျိုးလည်း ဝင်ဝင်လာတတ်သည်။
"မကိုင်ဘူးလား "
"အင်း ဖုန်းမပြောချင်ဘူး "

ESTÁS LEYENDO
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။