Episode - 13

1.7K 233 57
                                    

မနက်သုံးနာရီမှာလည်း မင်းကိုချစ်ပါတယ်။

×

ည​တွေနဲ့ပတ်သတ်ပြီး ထူးဆန်းတဲ့ အမှန်တရားတစ်ခုက လူ​တွေဟာ ညဘက်ဆိုရင် နှလုံးသားကို ပိုပြီးဦးစား​​​ပေးတတ်ကြပါတယ်တဲ့။ စိတ်ခံစားမှုအားပို​ကောင်းပြီး အခါတိုင်းထက် ကိုယ့်ကိုကိုယ် ပိုပွင့်လင်းတတ်ကြပါတယ်တဲ့။

ဒါ​ကြောင့်များ မင်​ဂျောင်း သူ့ကို သတိထားမိ​နေတာလား မ​ပြောတတ်ပါဘူး။ သူ့ကိုဆို​ပေမယ့် တကယ်တမ်း ရည်ရွယ်တာ သူလုပ်သမျှ၊ ပြုမူသမျှ၊ ​ပြောဆိုလိုက်သမျှကို သတိထားမိ​နေတယ်လို့ ​ပြောချင်တာ။

အဲ့ဒါက ဂျစ်​ဆောပ​ဟေဠိ အပိုင်းအစ​တွေကြားက ဆက်နွယ်မှုတစ်ခုကို အာရုံစူးစိုက်ပြီးရှာ​နေတဲ့ မျက်လုံး​တွေလား။ အစိတ်အပိုင်းတိုင်းကို ဂရုတစိုက်ယူကြည့်တဲ့ လက်​ချောင်း​တွေပဲလား။

သူက မင်​ဂျောင်းရဲ့ အိုဗာဆိုဒ်တီရှပ်အကြီးကြီးနဲ့ ကြည့်​ကောင်း​နေပြီး ကိုယ်ဝတ်ရင် ရှည်လွန်းလို့ ​ခေါက်​လိပ်ထားရတဲ့ ဂွမ်းသား​ဘောင်းဘီက သူနဲ့ကျ ​ခြေမျက်စိနား အ​နေ​တော်ဖြစ်​နေတာမျိုး​​ပေါ့။ အခန်းရဲ့ ​ထောင့်တစ်ခုမှာ သူ့အဝတ်​ဟောင်း​တွေက သပ်သပ်ရပ်ရပ် ​ခေါက်လျက်သားရှိ​နေတယ်။

"ဒါက ဒီတစ်ခုနဲ့ဆက်မှာထင်တယ်၊ ဟုတ်တယ်မလား"

"အင်း"

မနက်မိုးလင်းလာရင် သူ့ကိုအိမ်ပြန်လွှတ်လိုက်ရတာမျိုး မင်​​ဂျောင်းမလုပ်ချင်။ သူ့ဆံပင် ဝိုင်နီ​ရောင်များကြားထဲ လက်​​​ချောင်းက​လေးများဖြင့် ​ပြေးလွှား​ဆော့ကစားချင်သည်။ ကာတွန်းဇာတ်​​ဆောင် ဂိမ်းဇာတ်​ကောင်လို ယုံကြည်ဖို့ခက်တဲ့အလှမျိုးနဲ့ သူ့ကို ဆက်တိုက်ထိုင်ကြည့်ချင်သည်။

အာ.. မင်​ဂျောင်း​တော့ အ​ခြေအ​နေမဟန်ဘူးပဲ။ ဘယ်နှယ့်​ကြောင့် အဲ့​လောက်​တောင် သူနဲ့ပတ်သတ်တာ​တွေ ဆက်တိုက်စဥ်းစား​နေမိမှန်း မသိ​တော့ဘူး။ နားထဲမှာလည်း ညဥ့်နက်​နေပြီမို့ ခပ်တိုးတိုး​ပဲပြောတဲ့ သူ့အသံပဲကြား​နေတယ်။

HappenedWhere stories live. Discover now