အဲ့လူက မင်းကိုပျော်စေတယ်၊ ကောင်းမွန်တဲ့အရာတွေကို လုပ်ဖြစ်စေတယ်၊ ဝမ်းနည်းစရာကို အတူမျှဝေနိုင်တယ်လို့ ခံစားရစေရင် အဲ့လူကို ဘယ်တော့မှ လက်မလွှတ်နဲ့ပေါ့။
×
Converse အဖြူ။ မိုးပြာရောင် ခေါင်းစွပ်အနွေးထည်နဲ့ အောက်နားခေါက် ဂျင်းဘောင်းဘီရယ်။ ခပ်မြင့်မြင့်စည်းထားတဲ့ ဆံပင်တွေ။ မနက်စောစောမှာတောင် ဖော်ပြရန်မလွယ်သည့် ရေမွှေးနံ့ကို သူ့ဆီကနေ Minjeong ရသည်။
သူက ကော်ဖီတစ်ငုံသောက်လိုက်၊ လက်ထဲကိုင်ထားတဲ့ ပေါင်မုန့်ကို တစ်ကိုက်စားလိုက်၊ အတန်းတစ်ခုကပေးတဲ့ assignment အကြောင်း တတွတ်တွတ်ပြောလိုက်နှင့် အလုပ်များနေသည်။
မနက်ရှစ်နာရီ Yu Jimin သည် ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း။ ကျောင်းမှာတွေ့ရတဲ့ Yu Jimin ကတော့ အထက်တန်းဆန်သလိုလို ယောကျ်ားလေးတွေ အမြဲတမ်းနီးပါး ဝိုင်းနေတာကြောင့် ချဥ်းကပ်ရ ခက်သူမျိုးဖြစ်ပြီး ညနေဘက် Minjeong နှင့် နှစ်ဦးတည်း သီးသန့်ရှိနေချိန်ဆိုရင်တော့ ထို Yu Jimin က ကြက်တူရွေးလို စကားများပြီး တောက်တဲ့လို ကပ်တတ်သည်။
အချိန်တစ်ခဏလေးအတွင်း သူ့ပုံစံအမျိုးမျိုးကို Minjeong ရင်းနှီးခဲ့သည်။ သူက Minjeong ကို သူ့ဘဝထဲ လိုလိုလားလား ပေးဝင်ခဲ့တာကြောင့်ဖြစ်မည်။
"အဲ့တော့ အစ်မက သူ့ကိုပြောတယ်ကွာ ဒါလေးကိုပဲ Copy Paste လုပ် အစ်မကိုပို့ပေးပြီး ကျန်တာတွေကို Team Leader ဆီပဲ ပို့လိုက်ပါလို့ဆိုတာကို သူက .."
သူစကားပြောသည့်အခါ ဆောင်းရာသီရဲ့ နှင်းကျတဲ့မနက်ခင်းတွေကို သတိရစေသည်။ သို့သော် ထုံကျင်စွာ အေးစက်နေမှုမျိုးတော့ မဟုတ်။ နှင်းများကို နွေးထွေးသည့် အိမ်ငယ်လေးအတွင်းမှ စိတ်သက်တောင့်သက်သာဖြင့် ထိုင်ကြည့်နေမိသည့် ခံစားချက်မျိုးဖြစ်သည်။
အစ်မက စကားပြောနေရင်း စားလက်စကိုရပ်ကာ Minjeong လက်မှာပေသွားတဲ့ စတော်ဘယ်ရီခရင်မ်တစ်ချို့ကို သုတ်ဖို့ တစ်သျှူးထုတ်ပေးသည်။
YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။