လိုချင်စိတ်နဲ့ မလိုချင်စိတ်ကို တစ်ချိန်တည်းမှာပေါ်လာအောင် လုပ်နိုင်ခဲ့ရင် လူတွေက ဘာကိုပိုရွေးချယ်ကြမယ်ထင်လဲ။
×
နွေနေ့ရက်များရဲ့ လှပမှုကို လူတိုင်းနားလည်မှာမဟုတ်ဟု Minjeong ထင်သည်။ အပူဒဏ်တွေကြားက တိုက်လာတတ်တဲ့ လေအေးအေး၊ အချင်းချင်းထိတွေ့ရာက ထွက်ပေါ်လာတဲ့ သစ်ရွက်တွေရဲ့အသံ၊ နားကြပ်အတွင်းက ကြားနေရတဲ့ ငြိမ်ငြိမ်အေးအေး သီချင်း၊ ဘေးမှာတင်ထားပြီး အရည်တွေသီးနေတဲ့ လက်ဖက်ရည်အေးဘူး။
မျက်လုံးတွေကိုမှိတ်ထားရင်း နွေနေ့ခင်းတစ်ခုကို အပင်ရိပ်အောက်မှာ တစ်ယောက်တည်းခံစားနိုင်ခြင်းက ကောင်းချီးတစ်ခုဟု ယုံကြည်သည်။ အဖော်လာမည့် Ningi ကိုပင် မောင်းထုတ်ထားမိသည်အထိ နွေနေ့များကို Minjeong တန်ဖိုးထားသည်။
ဖုန်းတွင်ပေါ်နေသော နာရီကိုကြည့်ပြီး အတန်းစရန်လိုသေးကြောင်း တွေးမိသည်။ မျက်လုံးများက ပတ်ဝန်းကျင်ကို အာရုံပြောင်းသည့်အခါ နွေအပူအောက် သွားလာလှုပ်ရှားနေကြသော ကျောင်းသားကျောင်းသူများကို မြင်ရသည်။ နွေကျောင်းပိတ်ရက်များမလာခင် ကြုံတွေ့ရမည့်စာမေးပွဲအတွက် ဗျာများနေကြသည်။
Minjeong မျက်လုံးများသည် အလိုအလျောက်အတိုင်း ယောကျ်ားလေးတစ်ယောက်နှင့် အတူလမ်းလျှောက်သွားနေသော Yu Jimin ဆီရောက်သွားသည်။ ပေါ့ပေါ့ပါးပါး ခြေလှမ်းများဖြင့် သူလမ်းလျှောက်သွားတိုင်း လူတွေရဲ့အာရုံကို ဆွဲငင်သလိုဖြစ်ပြီး အနည်းဆုံးတစ်ခေါက်တော့ Yu Jimin ရှိရာဆီ လှည့်ကြည့်မိကြသည်သာဖြစ်သည်။
နွေကျောင်းပိတ်ရက်များသာ ရောက်လာလျှင် Yu Jimin ပြုစားထားသော ဒီလူအုပ်သည် မည်သို့နေထိုင်ပါမလဲဟု Minjeong စဥ်းစားမိသည်။ လွမ်းဖျားဆိုတာမျိုးတွေနဲ့ နွေကိုဖြတ်သန်းကြမည်လားမသိ။
"Yu Jimin က မလွယ်ဘူးပဲ "
ထိုစကားကိုပြောလိုက်ချိန်တွင် သူက Minheong ကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်နေပြီဖြစ်သည်။ သူနှင့်အတူ တွဲလျှောက်နေသူကလည်း သူမ ထိုင်နေရာသို့ လှမ်းကြည့်သည်။

YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။