အိတ်စ်ထရာ

1.3K 163 64
                                    

လူတိုင်းမှာ သူတို့​ ရှေ့ဆက်မသွားရဲ​တော့တဲ့ အတိုင်းအတာတစ်ခုစီ​တော့ ရှိကြတာပဲ​လေ။

×

အချင်းချင်း ချစ်​နေကြတဲ့ လူနှစ်​ယောက်မှာ တစ်​ယောက်က တစ်​ယောက်ကို ပြတ်ပြတ်သားသား ထားခဲ့နိုင်ဖို့ ဘယ်လိုအ​ကြောင်းပြချက်​တွေ လိုအပ်ပါသလဲ။

​ဖောက်ပြန်တာ၊ ချုပ်ချယ်လွန်းတာ၊ ကိုယ်လက်​​တွေပါတာ စသည် စသည်..။

မင်​ဂျောင်းက​တော့ လူအများကြုံ​တွေ့ဖူးတဲ့ ဒီအ​ကြောင်းပြချက်​တွေ​ကြောင့် မဟုတ်ဘဲ ရင်ဘတ်ထဲ ပထမဦးဆုံး​ပေါ်လာဖူးတဲ့ ဝမ်းနည်းမှု​ကြောင့်သာ လမ်းခွဲပြတ်ဆဲခဲ့ခြင်းဖြစ်ပါတယ်။

​ဒေါသ​ကြောင့်မဟုတ်ဘဲ ဝမ်းနည်းခြင်း​ကြောင့် ​ပေါ်​ပေါက်လာခဲ့တဲ့ လမ်းခွဲမှု။ နာကျည်းတာထက် နာကျင်​နေတာမျိုး။ တစ်ဖက်ကို စိတ်မဆိုး​ပေမယ့် နားလည်းမလည်​ပေးနိုင်​တော့တဲ့ အ​ခြေအ​​နေကို ရင်ဆိုင်လိုက်ရ​တော့ မင်​ဂျောင်းမှာ လှည့်ထွက်သွားရုံအပြင် အခြား​ရွေးချယ်မှု မရှိခဲ့ဘူး။

ဒါက ဘာမှလည်း သိပ်ကြီးကျယ်တာမျိုး မဟုတ်ပါဘူးလို့ ​တွေး​ကောင်း​တွေးနိုင်ပါတယ်။ လူတိုင်းက ခံစားဖူးတဲ့အရာမဟုတ်ရင် လူတိုင်းက နားလည်နိုင်မှာမဟုတ်ဘူး​ပေါ့။

ဘာ​တွေ​ရေးကြီးခွင်ကျယ် လုပ်​နေတာလဲ။ အချိန်တန်ရင် ​ပျောက်သွားရာက ပြန်​ပေါ်လာပြီး ဒီလူဆီကိုပဲ တန်းတန်းမတ်မတ် ​ဆိုက်ရောက်လာ​နေကြပဲ မဟုတ်လားလို့ ​မေးခွန်းထုတ်နိုင်သလို ရက်ပိုင်း​လောက်က​လေး ပစ်ထားလိုက်တာနဲ့ လမ်းခွဲဖို့ချည်း စဥ်းစား​နေရလားလို့လည်း အပြစ်တင်လို့ရတာပဲ​လေ။

ဒါ​ပေမယ့်။
ဒါ​ပေမယ့်​ပေါ့။

ရုတ်တရက်​ ရက်အနည်းငယ်​လောက် ပျောက်သွားတတ်တဲ့ အကျင့်စရိုက်တစ်ခုကို နားလည်​ပေးလိုက်ပါ၊ အချိန်တန်ရင် ပြန်လာမှာပါလို့ ​တွေးရမယ်ဆိုရင်။

အဆက်အသွယ်မရလို့ စိတ်ပူ​နေ​လောက်မလား၊ တစ်​နေရာရာမှာ တစ်ခုခုများဖြစ်​နေမလားလို့ ​တွေးပူ​နေမလားဆိုတဲ့ ကိုယ်ချင်းစာစိတ်​လေးနဲ့ ဘယ်အချိန်မှာ​တော့ ဘယ်လို​နေချင်ပါတယ်လို့ အသိ​ပေးတာက​ရော? တစ်ဖက်က တခြားတစ်ဖက်ကို အဲ့လိုမျိုး ပြန်နားမလည်​ပေးသင့်ဘူးလား။

HappenedOù les histoires vivent. Découvrez maintenant