မင်းကြိုက်တာကိုပြောပါ။ ကိုယ်ကတော့ မင်းကိုသဘောကျတာမို့ မင်းပြောသမျှအကုန် ဂရုစိုက်ပြီး နားထောင်ပါ့မယ်။
×
"ဟိုမှာ Jimin ဖြတ်သွားတာ မင်းဘက်ကို လှည့်တောင်မကြည့်ဘူး "
သူငယ်ချင်းတစ်ယောက်ရဲ့ စကားကြောင့် အားလုံးရဲ့အကြည့်များနဲ့ထပ်တူ Gim လည်း လိုက်ကြည့်မိသည်။ တကယ်ကို Jimin က သူ့လမ်းသူ အေးအေးဆေးဆေးသွားနေပြီး ဘယ်သူ့မှ ဂရုစိုက်ပုံမရ။
ဒါကို Gim မကြိုက်။ သူက မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကို အမြဲတမ်းရလေ့ရှိတဲ့ ယောကျ်ားလေးတစ်ယောက်။ ဒါပေမယ့် ဒီ Yu Jimin က သူရှိရာကို မျက်တောင်တဖျတ်ပင် ခတ်မလာ။ ဒီအချက်က သူ့ကိုသိက္ခာကျစေသည်။
"Gim သူ့ကိုလိုက်နိုင်လား မလိုက်နိုင်ဘူးလားဆိုတာ လောင်းမလား "
"စိန်လိုက်လေ ဘာကြေးလဲ ငါကတော့ မလိုက်နိုင်တဲ့ဘက်ကနေ လောင်းမယ် "
သူငယ်ချင်းများက လှောင်ရယ်ပြီး အလောင်းအစားလုပ်နေကြသည့်အခါ Gim ပို၍နေရခက်သည်။ သူလိုက်တဲ့မိန်းကလေးတိုင်း ငြင်းရိုးထုံးစံမရှိ။ အချိန်အတိုင်းအတာတစ်ခုအတွင်း ချောပေ့လှပေ့ဆိုတဲ့ မိန်းကလေးတိုင်းကို Gim တွဲနိုင်သည်။
"Jimin က မင်းကိုတကယ်မကြိုက်တာဖြစ်မယ် "
Gim က ကြည့်ကောင်းသည်။ ဖြောင့်သည်။ အရပ်ရှည်သည်။ ငွေကြေးလည်း သုံးစွဲနိုင်သည်။ သူက အဘက်ဘက်က ပြည့်စုံသော ယောကျ်ားလေးမှန်း သူ့ကိုယ်သူလည်းသိသည်။ ဒါပေမယ့် Yu Jimin က သိဟန်မတူ။
Gim ရဲ့ မရိုးဖြောင့်တဲ့ ရည်ရွယ်ချက်တွေကို ရိပ်မိတာနဲ့ သူ့ဘက်ကနေ စည်းတိတိကျကျတားပြီး အဆင့်မကျော်အောင်လုပ်သည်။ အသိမိတ်ဆွေ အဆင့်မှာတုန်းက Gim နှင့်အတူ တွဲသွားတွဲလာ အလုပ်များသေးသည်။ နောက်ပိုင်း တစ်ချို့ရဲ့ပါးစပ်ဖျားမှာ သူတို့နှစ်ယောက် တွဲနေတဲ့သတင်းတွေ ထွက်လာတာကိုသိချိန်ကစလို့ Jimin တစ်ယောက် သူ့ကို ရှောင်လာတာဖြစ်သည်။
YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။