ဒီထက်ပိုပြီး ဝေးမသွားချင်ရင် တစ်ယောက်ယောက်ကတော့ အတူလိုက်လာပေးမှဖြစ်မယ်။
×
"ဂျီမင်းရေ ဒီဖိုင်ကို အဖွဲ့မှူးဆီတင်ပေးပါဦးနော် ပြီးရင် ဒါဆယ်စောင် ဒါသုံးစောင်ဆီ မိတ္တူကူးခဲ့ပေးပါဦး"
"ဟုတ်ကဲ့ပါ "
ကွန်ပြူတာထဲက သွားရမယ့်နေရာစာရင်းတွေ လိုက်စစ်နေရာမှ ဂျီမင်း ထလိုက်သည်။ စီနီယာအစ်ကိုပေးသော ဖိုင်တစ်ဖိုင်နှင့် စာရွက်တွေကို ဂရုတစိုက်ယူကာ အဖွဲ့မှူးရုံးခန်းဘက်သို့ ဦးတည်လိုက်သည်။
ပထမဆုံး လုပ်ငန်းခွင်အတွေ့အကြုံက ဂျီမင်းထင်ထားတာထက် ပိုပြီးနွေးထွေးသည်။ ရွေးချယ်လိုက်တဲ့ လုပ်ငန်းကလည်း မှန်ကန်နေတာမို့ တော်သေးသည်။
"ဆိုတော့ ဂျီမင်း.. အလုပ်လုပ်ရတာ အဆင်ပြေလား"
အဖွဲ့မှူးက ဖိုင်အတွင်းက စာရွက်ပေါ် လက်မှတ်ထိုးနေရင်း မေးလာသည်။ ဂျီမင်းပြုံးလိုက်ပြီး-
"ဟုတ်ကဲ့ ပြေပါတယ် အဖွဲ့မှူး၊ စီနီယာတွေ အကုန်လုံးကလည်း ဂရုစိုက်ပေးပါတယ်"
"အင်း ဟုတ်ပါပြီ၊ ဒါဆိုရင် field ဆင်းရတဲ့အခါလည်း သေချာလိုက်လုပ်ဦးနော် "
"ဟုတ်ကဲ့ပါ အဖွဲ့မှူး"
လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးနောက် field ဆင်းဖို့အချိန်ရောက်လေပြီ။ သူမတို့အဖွဲ့မှာ အလုပ်သင်အနေနဲ့ ဂျီမင်းတစ်ယောက်သာပါပြီး အငယ်ဆုံးလည်းဖြစ်သည်။ Field ဆင်းသောအခါ စီနီယာသုံးဦးနှင့်အတူ အားလုံးပေါင်းလေးယောက် ဆင်းရသည်။
အဖွဲ့ထဲတွင် အားလုံးထက် လုပ်သက်ကြာသည့် စီနီယာရှင်းက Field ကိုဦးဆောင်သည်။ နောက်နှစ်ယောက်ဖြစ်သည့် စီနီယာအစ်မ ဆူယောင်းနှင့် ဂျယ်ဟျွန်းက ဂျီမင်းကိုလက်တွဲကူပြီး သင်ကြားစရာရှိသည်များကို သင်ပေးသည်။
"ကဲ.. သွားကြရအောင် ဒီနေ့က ရှင်းဟွာကုန်တိုက်ပဲ"
ကုမ္ပဏီကခွာပြီး Field ဆင်းဖို့ အဆင်သင့်ဖြစ်တော့ မင်ဂျောင်းထံ ဂျီမင်း မက်ဆေ့ဂျ်တစ်စောင် ပို့ထားခဲ့သည်။ အတန်းတက်နေချိန်မို့ သူဖတ်ဖြစ်ဦးမည်မထင်။

YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။