အိမ်ပြန်ရောက်တဲ့အခါ စာလေးတစ်စောင်ပို့ပါ အချစ်ရယ်။ ဒါမှ စိတ်ချလက်ချ အိပ်စက်နိုင်လိမ့်မယ်။
×
အနက်ရောင်ကနေ ပြောင်းလဲသွားတဲ့ မနီမညို သူ့ဆံပင်ရှည်တွေက နေ့အလင်းရောင်အောက် တစ်မျိုးထူးခြားနေသည်။ စင်စစ်မူ ထိုအရောင်သည် လူတိုင်းဆိုးဖူးနေကြ သာမန်အရောင်မျိုးဖြစ်သော်လည်း သူနဲ့ပေါင်းစပ်လိုက်တော့ အလွန်အကျွံ ကြည့်ကောင်းသွားတာဖြစ်မည်။
Minjeong သဘောကျသည်။
Laptop ကို အာရုံစိုက်ရင်း ကျောင်းစာကို အပြီးသတ်ဖို့ကြိုးစားနေသည့် Yoo Jimin ဟာ Minjeong မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုလွန်းသည်။
ဟိုးပဝေသဏီကတည်းက သူလှတယ်ဆိုတာ သိပေမယ့် 'သြော် လှသားပဲ' ဆိုတဲ့ အတွေးမျိုးသာ စက္ကန့်ပိုင်းလောက်ဝင်ပြီး ဘာမှထပ်မဖြစ်။
ယခုမူ Minjeong ခေါင်းထဲ စဥ်းစားစရာတွေ အစုလိုက်အပြုံလိုက် ဝင်လာလေပြီ။
ဘာမှထူးထူးခြားခြား ကြိုးစားမနေတာတောင် သူဘာလို့ အဲ့လောက်လှနေမှန်း အဖြေရှာမရ။ ငေးကြည့်နေရင်း နှလုံးသားထဲ နွေးလာသည်။ အာရုံစိုက်မှုကြောင့် ဖြစ်ပေါ်နေသော သူ့မျက်မှောင်ကုတ်မှုလေး အသည်းတွေယားလာသည်။
ကြားထဲက စားပွဲဝိုင်းတွေကိုကျော်ပြီး ဘေးနားဝင်ထိုင်ရင်း အနီးကပ်ကြည့်ချင်စိတ်က တဖြည်းဖြည်း တားဆီးမရတော့။ သို့သော် သူ့အနားမှာက Minjeong မသိတဲ့လူတွေရှိသည်။ တစ်ချို့က ကိုယ်လုပ်စရာရှိတာတွေကို လုပ်နေပေမယ့် တစ်ချက်တစ်ချက် သူမရဲ့မမကို ခိုးကြည့်ကြသည်။
ဘယ်တတ်နိုင်မှာလဲ။ သူက လူကြိုက်များတာကိုး။
ထုတ်မပြောပေမယ့် တစ်ခါတစ်လေတော့ လူကြိုက်များတဲ့သူ့ကို ရည်းစားလုပ်ထားရတာ နည်းနည်း မကျေနပ်စရာတွေ ပေါ်လာတတ်သည်။
အတူလမ်းသွားနေရင်း သူ့မှာရည်းစားရှိမှန်း မသိတာကြောင့် ပွင့်ပွင့်လင်းလင်း ဖွင့်ပြောကြသည့် အချိန်တွေလည်းရှိသည်။ ထိုအခါမျိုးတွင် ယဥ်ယဥ်ကျေးကျေး ငြင်းတတ်သော သူ့အပြုအမူကို အထအနကောက်လွဲပြီး နောက်ကနေ တရစပ်လိုက်ပြောရဲသည့် စကြာဝဠာ့ နွားများလည်းရှိသည်။
![](https://img.wattpad.com/cover/276542018-288-k707097.jpg)
YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။