လူတစ်ယောက်ကို တိတ်တိတ်လေးချစ်ရတာက စိန်ခေါ်မှုတစ်ခုလိုပါပဲ။ သူ့ကိုတွေ့ရင် ရင်ထဲမှာ လိပ်ပြာလေးတွေ ဝဲပျံနေသလို ခံစားရပေမယ့် တခြားတစ်ယောက် ရောပါလာရင်တော့ ရင်ကွဲသလိုခံစားရတတ်တယ်။
×
"မနေ့ညက မင်းအကြောင်း အိပ်မက်,မက်တယ်"
လိမ္မော်ရည်ခွက်အား စားပွဲပေါ်ပြန်ချရင်း Yu Jimin ကပြောသည်။ Minjeong ပြန်မဖြေသော်လည်း ခေါင်းငြိမ့်ပြီး ဆက်ပြောရန် လမ်းစပေးမိသည်။
"နည်းနည်း အူကြောင်ကြောင်နဲ့ပါ မင်းက အာကာသယာဥ်လို စက်တစ်ခုခုထဲက ခုံပေါ်မှာထိုင်ပြီး ခလုတ်တွေနှိပ်နေတာ "
သူပဲပြောပြီး သူပဲရယ်နေသော Yu Jimin သည် ဘူးအတွင်းမှ တစ်သျှူးနှစ်ရွက်ထုတ်ကာ Minjeong စားနေသည့် ခေါက်ဆွဲပန်းကန်နားတွင် ချပေးသည်။
တစ်ကြိမ်မှ နှစ်ကြိမ်၊ နှစ်ကြိမ်မှ အထပ်ထပ်အခါခါ သူမတို့တွေ့ဖြစ်ကုန်သည်။ ဈေးကြီးသည့် သူ့ဂျစ်ကားအမည်းကြီး အိမ်ရှေ့မှာရပ်တိုင်း ချောင်းကြည့်နေကြဖြစ်သော မိသားစုဝင်တွေပင် ငြီးငွေ့လာကြပြီး သွားချင်သလိုသွားဟု လွှတ်ပေးကုန်ကြသည်။ နေရာအသစ်အဆန်း တစ်ခုခုတွေ့လျှင် ထိုနေရာအကြောင်း စာလှမ်းပို့တတ်တာက အကျင့်ဖြစ်လာပြီး စားသောက်ဆိုင်တွေကို အတူသွားတာက ပုံမှန်လုပ်ငန်းစဥ်လို အသားကျလာသည်။
"အိပ်မက်ကလည်း ဘယ်လိုကြီးလဲ "
"မအိပ်ခင် star wars ကြည့်လိုက်လို့ဖြစ်မယ် "
မီးရောင်ဝါဝါများ ထွန်းထားသော်လည်း နေ့အလင်းရောင် ဝင်နေသော ဤခေါက်ဆွဲဆိုင်ထဲတွင် Minjeong က အစားကိုသေချာဂရုစိုက်စားပြီး စကားပြောသည့်အလုပ်ကို Yu Jimin က တာဝန်ယူသည်။
"တစ်သျှူးယူဦးမလား Minjeong "
"ဟင့်အင်း "
"ခေါက်ဆွဲက အဲ့လောက်တောင် အရသာရှိနေတာလား "
"အင်း "
"ဒီဟာပါတွဲစားလေ "
"အင်း "
YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။