"ဖြန်း ဖြန်း ဖြန်း"
လေးဘက်လေးလံ သံတိုင်တွေကာရံထားသည့်မကျယ်မဝန်းအခန်းငယ်ထဲတွင်လက်မောင်း ခြေသလုံး ပါးတွေကိုဖြန်းခနဲ ဖြန်းခနဲမြည်အောင်ရိုက်နေရသည်မှာ အသားတွေတောင်နီရဲတွတ်လာပြီ။ အော်ဟစ်ဆူညံသံတွေ ရှင်းလင်းပြောပြချက်တွေ တတီတီမြည်နေသည့်တယ်လီဖုန်းတွေဖြင့် ဤနေရာသည်ဆူညံခြင်းမျိုးစုံဖြင့်စည်ကားလှ၏။ တဂျောက်ဂျောက်မြည်နေသည့်နာရီကတော့နံရံမှာအခန့်သားနေရာယူလျက် သူ့အလုပ်ကလက်တံလေးဟိုရွေ့သည်ရွေ့နေခြင်းသာ။ လက်တံတို့၏ညွှန်ပြချက်သည် ခုနစ်နာရီတိတိတွင်တည်ရှိသည်။ သံချေးတက်နေသည့်မဲမဲကျစ်ကျစ်သံတိုင်တွေထဲရောက်နေခဲ့သည်မှာ ယခုအချိန်နဲ့ဆိုနှစ်နာရီတိတိရှိနေပြီဖြစ်သည်။ ခြင်တွေဆိုသည်မှာ မွေးပြီးထည့်ထားသလားပဲ တစ်ကောင်တစ်ကောင်ကြီးလိုက်သည်မှာ အရေအတွက်များရင်လူတောင်သယ်နိုင်လောက်သည်။ သံတိုင်အပြင်ဘက်ကဟိုဘက်သည်ဘက်ကူးလူးနေကြသည့်လူတွေကို ကြည့်ပြီးမျက်စိတွေပါနောက်လာ၍မျက်လုံးတွေကိုမှိတ်ထားလိုက်သည်။
"ခင်ဗျားကတော့အိပ်နိုင်တယ်နော်"
ခနဲ့တဲ့တဲ့ပြောလာသူကြောင့် မှိတ်ထားသည့်မျက်လုံးတွေကိုပြန်ဖွင့်လိုက်သည်။ ရှေ့ကဆံပင်နီကြောင်ကြောင်နဲ့ကောင်လေးသည် နားကပ်ကိုတစ်ဖက်တည်းပန်ထား၍ အဝတ်အစားတွေမှာလည်းဖရိုဖရဲ။ သူလည်းထူးမခြားနားပါပဲ ဒါပေမယ့်သူကပိုကြည့်ကောင်းသေးသည်။ ပုံစံကငယ်ငယ်ရွယ်ရွယ်နဲ့ရွဲ့တဲ့တဲ့ပြောနေသည်မှာမလိုက်ဖက်။
"မကျေနပ်ရင်မင်းလည်းအိပ်လေ"
ပြန်ပြောလိုက်တော့ ငုတ်လျှိုးနေသည့်ဒေါသတွေပြန်နှိုးထလာသလို မျက်နှာချက်ချင်းမှုန်ကုတ်သွားသည်။
"ကျွန်တော်ဒီထဲရောက်နေရတာ ခင်ဗျားကြောင့်လေ"
"မင်းဇာတ်လမ်းမစခဲ့ရင်ဒီကိစ္စဖြစ်လာမှာမဟုတ်ဘူး"
"အဓိကကခင်ဗျားရဲကိုလက်သီးနဲ့သွားထိုးလို့ဖြစ်တာလေ"
"မင်းထင်လို့ထိုးလိုက်တာလေ အဲ့ရဲဖြစ်နေမှန်းငါကဘယ်လိုလုပ်သိမှာလဲ"
YOU ARE READING
Steady Principle { Completed }