Part [ 19 ]

1.8K 186 63
                                    

"Taehyung shi ဒါလေးခွာပေး"

jimin ကြက်ဥတစ်လုံးလက်ထဲထည့်ပေးလိုက်၏။

"အင်း ကိုယ့် mochiလေးအတွက်အကုန်လုပ်ပေးမှာခေါင်းအစခြေအဆုံး ချေးအစသေးအဆုံး"

"အာ ရွံစရာကြီးတွေဘာတွေလာပြောနေတာလဲ ဒီမှာစားနေတာကို"

"အမှန်တော့ရွံစရာမဟုတ်ဘူး ကိုယ်တို့ဒါကိုခွဲခြမ်းလေ့လာမယ်ဆိုရင် သူကအညစ်အကြေးပေမယ့်ကိုယ်တို့ကိုပြန်အကျိုးပြုနေတာပဲ။ သူ့ရဲ့အနံ့ ကိုယ်တို့အတွက်အနံ့ကမကောင်းဘူးဆိုပေမယ့် ပတ်ဝန်းကျင်မှာစိမ်းစိုနေတဲ့သစ်ပင်တွေအတွက်သိပ်အသုံးဝင်တာ မြင်းချေးတို့နွားချေးတို့ဆိုစိုက်ပျိုးရေးမှာစံပဲ သူတို့စားထားသမျှအာဟာရတွေကအဲ့ထဲမှာလာပေါင်းပြီး...။"

"ဒုန်း"

Jiminပန်းကန်ကြီးကိုအသံမြည်အောင်ချလိုက်၍ မတ်တပ်ရပ်လိုက်သည်။

"မင်းကုမ္ပဏီမှာလုပ်မနေနဲ့တော့ တောမှာနွားချေးကျုံးပြီးစိုက်ပျိုးရေးလုပ်စားပါလား"

"အင်း မဆိုးဘူးနော်"

မျက်မှန်ကိုပင့်တင်ကာမေးစေ့ပွတ်စဥ်းစားနေသူကြောင့် jimin shi ၏ဒေါသများငယ်ထိပ်သို့ရောက်နေပြီ။ အစားစားနေရင်ဟိုအကြောင်းဒီအကြောင်းပြောရုံမက ရွဲ့လိုက်သည့်သူ့အကြံကိုအလေးအနက်စဥ်းစားနေသည်။

"ကောင်းတယ် သွားမယ်ဆိုမင်းတစ်ယောက်တည်းသွား"

လှည့်ထွက်သွားတော့မည့် jiminကို taehyungဆွဲချလိုက်သောအခါ ပေါင်ပေါ်သို့ခွေခနဲပြိုကျ၏။ လက်များကတစ်ကိုယ်လုံးကိုဖျစ်ညစ်ထားကာမျက်နှာကလည်းစပ်ဖြီးဖြီးဖြင့်

"ဖယ်! ဘာလုပ်တာလဲ"

"ကိုယ်ကသဘောပြောတာပါ ဒီမှာ အခွံနွှာပေးထားတယ်လေ။ ပြီးတော့ကိုယ်ကဘာလို့တစ်ယောက်တည်းသွားရမှာလဲ မင်းနဲ့အတူမဖြတ်သန်းရတဲ့နေ့တွေကို ကိုယ့်ကိုထပ်ပေးချင်လို့လား။ "

"မရီချင်ဘူးနော် ဘယ်သူလဲ ကောင်မလေးတွေထည်လဲတွဲတာ"

စောင်းတောင်းတောင်းလုပ်ကာ မော်ချီပြောနေသူကို Taehyungအသည်းယားလာသည်။

Steady Principle { Completed }Where stories live. Discover now