"Jungkook ငါ့ကိုအိမ်ပြန်ပို့"
Jeon jungkookတို့ဘာမှပြန်မပြော။
"Jungkook!"
"Hyungပြောတာ ကျွန်တော်နားမထောင်တော့ဘူးပြောပြီးပြီလေ"
ကလေးတစ်ယောက်လိုအိမ်ကိုချစ်တဲ့လူကြီးရုပ်ကို jungkook သေချာကြည့်သည်။သူစိုက်ကြည့်တာသိလို့ဟိုကလည်းအမြဲရှောင်သည်။ သဘာဝလိုဖြစ်နေသည့်ကားလမ်းပိတ်ခြင်းကလည်းအဘယ်တော့မှပွင့်မည်နည်း။
"ငါပြောတာနားမထောင်ချင်ရင် ဘာလို့ငါနဲ့တွေ့နေသေးလဲ ငါအခုဆင်းမယ် လော့ဖွင့်"
"Sorry ကျွန်တော်မေ့သွားလို့ hyungပြောတာကျွန်တော်နားမထောင်ဘူး ဒါပေမယ့် ကျွန်တော်ပြောတာ hyungနားထောင်ရမယ်"
"ဘာဖြစ်လို့.....မင်းနဲ့ငါနဲ့ကဘာမှမဆိုင် အင့်"
သူ့နှုတ်ခမ်းတွေကိုထိပါးလာသည့်နှုတ်ခမ်းအစုံ။ ထိုနှုတ်ခမ်းတို့မှရသည့်အရသာသည်သူမနက်ကတင် စားလာသည့်ပဲပြားအရသာကိုရသည်။ မနူးညံ့ပါ ခပ်ပါးပါးနှုတ်ခမ်းတွေကဆာလောင်မွတ်သိပ်နေဟန် သူ့နှုတ်ခမ်းတွေကိုအမျိုးမျိုးဆွဲယူသည်။ လက်ကိုလည်းချုပ်ထားသည်။ seokjinတကယ်မနိုင်ပါ ထိုကောင်လေးသည်တော်တော်အားသန်လာသလို အင်မတန်လည်းရဲတင်းလာသည်။ ကားလမ်းပိတ်နေခြင်းက jeon jungkookတို့အတွက်တကယ်ကိုအခွင့်အရေးကြီးဖြစ်နေပုံ။ အမျိုးမျိုးခြယ်လှယ်ခံနေရသည့် သူ့နှုတ်ခမ်းလေးတွေကိုသနားသည်။ ထို့နောက် seokjin ခံစားမိနေသည့်တဖြည်းဖြည်းနိမ့်ဆင်းလာသောသူ့အနမ်းတွေ...လည်တိုင်သို့လာရောက်ထိစပ်တော့မည့် jungkookနှုတ်ခမ်းများကြောင့် အားကုန်တွန်းထုတ်လိုက်၏။
"Jungkook! "
ပုံမှန်အောက်စီဂျင်ကိုမရသဖြင့် မျက်နှာအနည်းငယ်နီမြန်းနေသော seokjinသည်သူ့အားတွေတွေလေးကြည့်သည်။
"မဆိုင်ဘူးဆိုတာထပ်မပြောနဲ့"
"မင်းဘာလို့အဲ့လောက်ဆိုးလာတာလဲ"
"Hyungကြောင့်လေ ဒါကြောင့် hyungမှာတာဝန်အပြည့်အဝရှိတယ်"
ကားသည်ဘီး၂လှည့်စရွေ့၏။
"ဘာလို့ငါ့ကြောင့်ဖြစ်ရပြန်တာလဲ မင်းနဲ့ငါနဲ့ဘာမှ.........ဆိုင်တယ်ဆိုင်တယ်!"
![](https://img.wattpad.com/cover/277937333-288-k177876.jpg)
YOU ARE READING
Steady Principle { Completed }