မျက်နှာပြင်ပေါ်ကခံစားနေရသည့်အနွေးဓာတ်နှင့်ကျေးငှက်သံပိစိလေးတွေကြားနေရသည်ကြောင့် မနက်ခင်းဖြစ်လိမ့်မည်။ ခပ်မာမာမွေ့ယာမဟုတ်ဘဲ အိစက်စက်မွေ့ယာဖြစ်နေ၍သူ့အိပ်ယာမဟုတ်ချေ အကြောဆန့်၍ဘေးဘက်ကိုလက်ထားမိတော့ နွေးလျလျရှိသောအထိအတွေ့တစ်ခု။ မဖွင့်ချင်သောမျက်လုံးတွေကိုအားယူဖွင့်လိုက်သည်။ မှုန်ဝါးဝါးအမြင်ကနေထင်ထင်ရှားရှားဖြစ်လာသည့် သူ့ရှေ့ကမျက်နှာသည် Jeon jungkook။
နေရောင်သည် jungkook မျက်နှာကိုထိုးလာသောကြောင့် သူလက်ဖြင့်ကာပေးမိသည်။ ထို့နောက်ခပ်ဖွဖွပြုံးသည်။ တစ်ဦးတစ်ယောက်အတွက် ခံစားချက်တွေမဖြစ်တည်ခဲ့တာကြာခဲ့ပြီ။ ဒီကောင်လေးနဲ့တွေ့တိုင်း သူ့ရင်ထဲကဖြစ်တည်မှုကိုအမည်မဖော်နိုင်။
Jungkook လှုပ်လှုပ်ရွရွဖြစ်လာသည်ကြောင့် seokjin လက်တွေကိုမူလအတိုင်းပြန်ချထား၍မျက်လုံးတွေပြန်မှိတ်လိုက်သည်။ jungkook မျက်လုံးတွေပွတ်ပြီး ရှေ့ကလူကိုကြည့်၍တစ်ချက်ရီသည်။ ထို့နောက်seokjinအပေါ်ကိုအုပ်မိုး၍ မှိတ်တုတ်မှိတ်တုတ်မျက်လုံးတွေကိုလေဖြင့်ဖွဖွလေးမှုတ်သည်။ အိပ်ချင်ယောင်ခြင်းအနုပညာကိုကောင်းကောင်းအသုံးမချနိုင်သည့် seokjin သည်ချက်ချင်းပင်မျက်လုံးပွင့်လာ၏။ အုပ်မိုးထားသည့် jungkook ကိုမြင်သည်နှင့်တွန်းထုတ်တော့သည်။ jungkookသည်အရယ်မပြတ်။ အိပ်မှုန်စုတ်မွှားဖြစ်နေသည့်မျက်နှာသည် ပကတိအတိုင်းကြည်လင်လို့နေသည်။တွန်းထုတ်ခံရသည့် Jungkook သည်အိပ်ရာပေါ်သို့ပြန်လည်ကျရောက်၍ကြည်နူးစွာပြုံးမိသည်။ သူ့ကြည့်၍ပြုံးနေသည်ကြောင့် seokjin မေးတုံ့ပြန်လိုက်သည်။
"ဘာပြုံးတာလဲ"
"ကျွန်တော်တို့ကချစ်စ ခင်စ ကြင်နာစ မောင်နှံတွေလိုပဲနော်"
"စိတ်ကူးမယဥ်နဲ့"
Seokjin တို့အတွေးထက်လက်ကမြန်သဖြင့် jungkook ဆီတွင်ခေါင်းအုံးတစ်လုံးထပ်မံရောက်ရှိသည်။ အိပ်ချင်မူးတူး seokjin သည်မှေးတေးတေးမျက်လုံးများဖြင့် jungkook အားကြည့်၍အခဲမကျေသည့်ပုံ။ jungkookသည် မနေနိုင်ဘဲထိုအနှီလူသားအားထပ်စပြန်သည်။
"Hyung ပုခုံးကျယ်ကြီးကအရမ်းမှီလို့ကောင်းတာပဲ ပြီးတော့ Hyungကခွအိပ်လို့လည်းကောင်းတယ်"
YOU ARE READING
Steady Principle { Completed }