Jungkookသူ့လက်ထဲကစာကိုကျစ်နေအောင်ဆုပ်ထားကာ မျက်ဝန်းမှအရည်ကြည်တို့စိမ့်ထွက်လာသည်။ သူ့ဘေးနားတွင်ထိုင်နေသော Hoseokကသူမရှိခဲ့တဲ့တစ်ပတ်အတွင်းဖြစ်ခဲ့သမျှအကြောင်းအရာတွေကိုစီကာပတ်ကုံးပြောပြနေသည်။ နားထောင်နေရင်းအခြားသူများ၏သက်ပြင်းချသံတဖွဲဖွဲများကိုကြားသည်။ သူ့ကိုနှစ်သိမ့်နေသည့်အသံများကိုလည်းကြားသည်။
ဤစာတစ်စောင်~~~ ဖြူပါးပါးစာရွက်ပေါ်ကသာမန်ရိုးကျစာလုံးတွေဖြင့်ဖွဲ့စည်းထားသောမကွန့်မညွန့်သည့်ဤစာတစ်စောင်သည် သူ့အသည်းကိုတော့မွမွကြေအောင်လုပ်နိုင်စွမ်းရှိပါသည်။ မျက်ရည်တို့မြေခအောင်လုပ်နိုင်စွမ်းလည်းရှိပါသည်။ နှလုံးခုန်သံ သွေးလည်ပတ်မှုတို့ရပ်တန့်အောင်လည်းစွမ်းဆောင်နိုင်ပါသည်။ စာထဲမှာသူ့ကိုချစ်သည်တဲ့လေ ကျွန်တော်ဝမ်းသာမျက်ရည်ကျခဲ့တယ် Hyung။ ဒါပေမယ့် မေ့ခိုင်းရက်နိုင်တဲ့ Hyungကြောင့် နာကျည်းမျက်ရည်ကျရပြန်တယ်။ နောက်ဆုံး Hyungကိုယ်တိုင်ကျခံစားချက်တွေသိမ်းဆည်းပြီး ကျွန်တော့ကိုတော့ဖြေမဆည်နိုင်ခြင်းတွေပေးပြန်တယ်။ မလွန်လွန်းဘူးလား Hyungရယ်။ တောင်းပန်တဲ့စကားတွေမလိုချင်ဘူး မေ့ပစ်ဖို့အတွက်လည်းမကြိုးစားဘူး ကျွန်တော့စိတ်ကျွန်တော့ကိုယ်မို့ကျွန်တော်လုပ်ချင်တာလုပ်မယ် ဒီတစ်ခါHyungစကားနားမထောင်တော့ဘူး။"Jungkook! Jungkook!"
အော်ခေါ်သံတွေနဲ့ဝေးရာကိုသူပြေးထွက်ခဲ့ပြီ။ မပြေနိုင်ပါ ဘယ်လိုနှစ်သိမ့်စကားမျိုးပင်ဖြစ်စေ ချစ်ရသူနှင့်ကွေကွင်းရမည့်သူ့ဝမ်းနည်းမှုတွေကိုမဖြေနိုင်ပါ။ ၃နှစ် ၃နှစ်ဆိုတဲ့အချိန်ကာလကိုသူဘယ်လိုများဖြတ်သန်းရမည်လဲ။ Hyungကရောင့်ရဲနိုင်ပေမယ့် ကျွန်တော့ကတော့မရောင့်ရဲနိုင်ဘူး ကျွန်တော်ကလောဘကြီးတယ်Hyung။
Jungkook စတီယာရင်ပေါ်ခေါင်းငိုက်စိုက်ကာနင့်နင့်သီးသီးငိုသည်။ နာကျင်ခြင်းရှိုက်သံများလည်းအစဥ်ထွက်ပေါ်လာလျက်။Hoseok၏ပြောပြချက်များလည်းနားထဲပြန်ဝင်လာသည်။ အချိန်တစ်ခုအကြာတွင် ခေါင်းမော့လာသောသူ။ မျက်ဝန်းသားတို့စွေးစွေးနီလျက်အံကိုကြိတ်ထားသည်။ တင်းတင်းကျပ်ကျပ်ကျစ်နေသောလက်သီးဆုပ်များသည်တစ်ကိုယ်လုံးရှိသွေးများဆူပွက်နေခြင်းကိုဖော်ပြနေဟန်။
YOU ARE READING
Steady Principle { Completed }