ဖိန်းရှိန်းရှိန်းနေရောင်ခြည်သည် ခန္ဓာကိုယ်၏အပူချိန်ကိုပိုလို့ပင်မြင့်တက်စေသည်။ လေပူတစ်ချက်မှုတ်ထုတ်၍ အပေါ်တွင်ထပ်ဝတ်ထားသည့်အင်္ကျီပါးကိုဆွဲချွတ်လိုက်သည်။ ထူထူထဲထဲမဟုတ်သည့်အင်္ကျီကိုတောင် သူမဝတ်နိုင်ခြင်းသည် သုံးရက်လောက်ရေမချိုးရခြင်းကြောင့်ဖြစ်သည်။ အဆော့သန်ခြင်းကောင်းမှုကို သုံးရက်တာမျှကောင်းကောင်းကြီးခံစားခဲ့ပြီးပြီ။ ရဲသားကြီးတွေလည်းသူ့ကိုထမင်းဝယ်မကျွေးနိုင်တော့ဘူးထင်ပါရဲ့ ထိန်းသိမ်းလို့ရသေးတာတောင် စောစောပြန်လွှတ်လိုက်သည်။ ငြီးစီစီဖြစ်နေသည့်စိတ်အစုံသည် ဝမ်းအတွင်းမှကြီးလွန်းလှသောအစာအိမ်၏အော်သံကြောင့် ပို၍စိတ်ညစ်သွားရသည်။
"နေ့လည်ထမင်းလေးတောင်မကျွေးလိုက်ဘူး"
အစာအိမ်ကိုဖြည့်တင်းဖို့ရာ ခန္ဓာကိုယ်ရှိအဝတ်တွေကိုလိုက်စမ်းကြည့်သည်။ အနက်ရောင်ဘောင်းဘီအိတ်ကပ်ထဲမှထွက်လာသည့် တွန့်ကြေကြေပိုက်ဆံကြောင့် seokjin ဝိုးခနဲဖြစ်သွားသည်။ ပမာဏသည် ခေါက်ဆွဲပြုတ်တစ်ဘူးတော့ကောင်းကောင်းစားလို့ရလောက်သည်။
Mini storeထဲတွင် ခေါင်းတကုတ်ကုတ်ဖြင့်ဟိုကြည့်သည်ကြည့်ဖြစ်နေသူသည် အမောင်Kim seokjinဆိုသည်မှာမလွဲ။ ခေါက်ဆွဲပြုတ်ဘူးသည် သူသုံးရက်မစားခဲ့လို့ စိတ်ဆိုးပြီးစျေးတက်သွားသလား။ ကွက်တိအတိအကျဖြစ်နေသည့်သူ့ပိုက်ဆံသည် ခေါက်ဆွဲပြုတ်တစ်ဘူးဖိုးတောင်မလောက်ငှတော့။ မရှိရှိတဲ့အရှက်လေးတော့အကွဲမခံနိုင်ပါ သူအကြံဉာဏ်ထုတ်သုံးရတော့မည်။"အမ ဘယ်လောက်ကျလဲ"
"ဝမ်..."
Seokjinအိတ်ထဲမှပိုက်ဆံထုတ်၍ရေကြည့်နေသည်။ပြီးနောက်အံ့သြသလိုမျက်နှာလေးဖြင့်
"အမ ကျွန်တော့ပိုက်ဆံတွေဘယ်ပျောက်သွားလဲမသိဘူး ခဏနော်"
ဟိုစမ်းသည်စမ်းဖြင့် နောက်ကလူတွေပင်သူ့နောက်တန်းစီလာသည် ပိုက်ဆံကတော့ရှာမတွေ့သေး။
"အမ အားနာပါတယ် ကျွန်တော်မယူတော့ဘူးဗျ ပိုက်ဆံဘယ်ကျပျောက်သွားမှန်းမသိဘူး"
ခေါက်ဆွဲဘူးကိုတကြည့်ကြည့်ဖြင့်မျက်နှာငယ်လေးလုပ်လျက် ထွက်သွားသည့်seokjinသည်အမှန်ပင်သနားစရာကောင်းလှသည်။ ထိုစဥ်နောက်နားဆီကအသံကြောင့် seokjinတိတ်တိတ်လေး လက်ဖျောက်တစ်ချက်တီးလိုက်သည်။
YOU ARE READING
Steady Principle { Completed }