ပွိုင့်မိနေသည့်ကားကြောင့် တောက်တစ်ချက်ခေါက်မိသည်။ မျက်ခြေမပြတ်လိုက်ခဲ့ပြီးမှ လျင်မြန်လွန်းသည့်ကားသည် ပွိုင့်မမိခင်လေးတင်လွတ်သွားပြီး သူကပွိုင့်မိကျန်ခဲ့သည်။ ကျောခိုင်းထွက်သွားသည့်seokjinနောက်ကို တရိပ်ရိပ်လိုက်လာရသည်မှာ သူ့မှာရှိသည့်အကြောင်းအရာကိုသေချာစေချင်ယုံလေးပါ။ မီးစိမ်းနေပြီဖြစ်၍jungkookအရှိန်တင်လိုက်ပေမယ့် အရွယ်တူအမျိုးစားတူကားများကြောင့် တွေ့နိုင်ချေမရှိတော့။ ကားကိုလမ်းဘေးရပ်ထား၍ ကားထဲတွင်ငေးငိုင်စွာထိုင်မိသည်။ ဘာအတွက်ကြောင့်သူဒီလိုတွေလုပ်မိနေသည်လဲ။ အကြောင်းအရင်းဆိုတာအတိအကျမရှိ။ အမှန်ဆိုKim seokjinဆိုသည့်လူ၏ကိစ္စရပ်များသည် သူနှင့်မှမဆိုင်ဘဲ။ ထိုလူဘယ်သွားသွားဘယ်လာလာ တစိုးတစိမျှသူနဲ့ချိတ်ဆက်မှုမရှိပါ။ သို့သော် သူ့ရင်ထဲ၌ အစိုင်အခဲတစ်ခုကဝင်စိုးမိုးထားသလို ခံစားချက်သည်သူစိမ်းတစ်ယောက်အတွက်ပထမဆုံးအကြိမ်။ jungkookသည်ဘယ်အရာဖြစ်ဖြစ်အသေအချာလုပ်တတ်သည့်သူဖြစ်သော်လည်း ငယ်ရွယ်သူပီပီတစွတ်ထိုးဆန်တတ်မှုများလည်းရှိသည်။
"ခင်ဗျားကဘယ်လိုလူလဲ Kim seokjin"
.
ခြံထဲဝင်သည်နှင့်မြင်ရသည့်အိမ်ကြီးသည် အခြားသူများကိုအံ့သြမှင်သက်စေသည်အထိခမ်းနားမှုရှိသည်။ နေ့မအားညမအားအလုပ်ရှုပ်နေကြသည့်အစေအပါးတွေလည်း ခြေချင်းလိမ်သည်အထိများပြားသည်။ ထိုအိမ်ကြီး၏အာဏာစက်သည် ကင်ချောင်းဟိုဆိုသူလက်အောက်တွင်ရှိသော်လည်း ခြယ်လှယ်သူသည်witch အမည်တွင်သည့် ကင်ဟာယန်းဖြစ်သည်။ တစ်ချိန်က သြဇာကြီးခဲ့သလို မေတ္တာကြီးခဲ့သည့်ကင်မျိုးနွယ်သည် ထိုလူတွေလက်ထက်တွင် သြဇာတော့ကြီးပါရဲ့ မေတ္တာတုံးတဲ့လောဘသားတွေရဲ့ခြေဆန့်ရာဖြစ်လာခဲ့သည်။ အိမ်ထဲရောက်သည်နှင့် အစေခံအချို့ကမဝံ့မရဲသူ့ကိုဦးညွှတ်သဖြင့် ခေါင်းညိတ်ပြ၍အသိအမှတ်ပြုသည်။"သူ့ကို နင်တို့ဦးညွှတ်စရာမလိုဘူး"
အကြည့်တွေကိုလက်သည်းရှည်တွေထံစုပုံထား၍ တို့စိတ်တို့စိတ်လုပ်နေသည်က ပဲများတာမဟုတ်ဘဲ လက်သည်းဂျီးထုတ်နေသလို။
YOU ARE READING
Steady Principle { Completed }