အမှောင်ထုတွေကြီးစိုးနေသည့်ညကောင်းကင်ကြီးသည် ကြယ်လအစုံအညီဖြင့်တောက်ပနေသည်။ ထိန်ထိန်ညီးတံတားတစ်စင်းသည် ကြည့်လဲ့သောရေပြင်ကိုထွင်းဖောက်ဆောက်လုပ်ထား၏။ တိုက်တာအဆောက်အအုံတွေ ကောင်းမွန်သောဆက်သွယ်ရေးတွေဖြင့် ကိုရီးယားနိုင်ငံသည်ဖွံ့ဖြိုးပြီးနိုင်ငံအဆင့်ဖြစ်သည်။ မြစ်ကမ်းစပ်က ကြမ်းပြင်ပေါ်တွင်သူထိုင်သည်။ မြစ်ကိုဖြတ်ပြေးလာသည့်လေညင်းတွေသည် ကြည်စင်၍မျက်နှာအနှံ့ဖြတ်လျှောက်တော့ အေးမြသည်။
"Jungkook! "
သူ့ကိုအသံကျယ်ကျယ်ဖြင့် အားကုန်ခေါ်နေပါသောTaehyung။ jungkookအနားသို့သွက်သွက်လက်လက်ခြေလှမ်းတွေဖြင့် taehyungရောက်လာ၍ ပြုံးတစ်လှည့်ရီတစ်လှည့်လုပ်နေသည်။
"မင်းဘယ်လိုလုပ်ရောက်လာတာလဲ"
"မင်းကိုတွေ့ဖို့မခက်ပါဘူး အတွင်းရေးမှူးကိုမေးလိုက်တာပေါ့
ဒါနဲ့ ငါတို့ Barတစ်ခုကိုသွားရအောင်""မသွားချင်ပါဘူးကွာ ငါဒီမှာအေးအေးဆေးဆေးလေးနေပါရစေ"
"မင်းကလည်းကွာ ဒီကိုနောက်မှလာလို့ရတယ် မြစ်ကြီးကဘယ်မှမပြောင်းသွားရွေ့မသွားဘူး။ လိုက်ခဲ့ပါကွာ ငါအဖော်မရှိလို့ လာပါ လာပါကွာ"
Jungkookတစ်ယောက် taehyungခေါ်ဆောင်ရာပါသွားသည်။ ရှုပ်ရှုပ်ယှက်ယှက်နေရာကို တကယ်မသွားချင်ဘူး။
R-bar ...
အထဲဝင်လိုက်သည်နှင့်အပြင်ထက်အေးစက်စက်ဓာတ်ကိုခံစားရသော်လည်း တစ်နေရာတည်းမှာလူပေါင်းများစွာစုနေခြင်းကြောင့် အပူဓာတ်ကိုလည်းခံစားရသည်။ လျှာဖျားမှတစ်ဆင့်အာခေါင်ထဲစီးဝင်လာသည့် ခပ်ရှရှcocktailသည် အပြာရင့်ရောင်ဖောက်ဖြစ်သလို လူကိုရေးတေးတေးလေးမူးစေသည်။ bar center placeသည် barတစ်ခုလုံး၏main areaဖြစ်သည့် Dancing floorဖြစ်သည်။ ဖွင့်ထားသည့်musicနှင့်အညီခန္ဓာကိုယ်ကိုမျိုးစုံလှုပ်ရှား၍ကိုယ့်နည်းကိုယ့်ဟန်ဖြင့်သရုပ်ဖော်ကနေကြသည်။ ဟိုလျှောက်ဒီလျှောက်စားပွဲထိုးတွေကလည်း အများအပြား။ အခြားbarတွေထက်အဆင့်အတန်းမြင့်ပြီး လူကုံထံတွေသာလာတတ်ကြသည်။ တစ်ခွက်နှစ်ခွက်ချပြီးသောTaehyungသည် dancing floorတွင်အပြီအပြင်ကိုအစွမ်းတွေပြနေပြီ။jungkookခုံတွင်ထိုင်နေ၍ cocktailတစ်ခွက်ဖြင့်ငြိမ်ချက်သားကောင်းနေသည်။ ထိုစဥ်ခပ်ဝေးဝေးမှသူ့အမြင်အာရုံထဲရောက်လာသည့် စားပွဲထိုးတစ်ယောက်။ အဖြူလက်ရှည်အောက်ခံကိုအပေါ်ဝတ်စကုတ်အမဲရောင်နှင့် ခွက်တွေပုလင်းတွေစသည်တို့ကို ချလိုက်သိမ်းလိုက်နှင့်အလုပ်ရှုပ်နေသည်။ ခပ်အုပ်အုပ်မဟုတ်ဘဲသပ်တင်ထားသောဆံသားတို့ကြောင့်မျက်နှာသည်ရှင်းလင်းနေ၏။ မီးရောင်စုံတွေအောက်ကထိုလူသည် customerများကိုအပြုံးတွေစွန့်ကြဲနေခြင်းကို မသိမသာjungkookမနာလိုဖြစ်မိသည်။ ဒီဘက်လှည့်လာသူသည် သူ့ကိုမြင်သွားသည်ထင် သူ့ထံလျှောက်လာသည်။
YOU ARE READING
Steady Principle { Completed }