တိမ်ထုထည်တို့ရောင်စဥ်တန်းကာသရုပ်အမျိုးမျိုးပြကြသော ဤဆည်းဆာအခါသမယ
တောင်တန်းတို့ဝန်းရံထားဟန်သဏ္ဍာန်ပေါ်၍ လွင်လှလှပင်လယ်ကိုနောက်ခံပြုကာ ကျင်းပနေသောဤထိမ်းမြားလက်ထပ်ခြင်း
ကော်ဇောနီခင်း ထည်ထည်ဝါဝါအဆောင်အယောင်ထက် သောင်ကမ်းဖြူပေါ်ကသဲထဲတအိအိနစ်ဝင်သွားမည့်မင်္ဂလာလျှောက်လမ်း။ လေပြေတွေထဲတလွှားလွှားလွှင့်မည့်ပုဝါးပါးတို့ကိုပန်းခက်တို့ဖြင့်ရိုးရှင်းစွာဆင်ယင်ထားပုံသည် အနုပညာမြောက်၏။ မျက်စိတစ်ဆုံးကတရိပ်ရိပ်တက်လာသောလှိုင်းတို့အသွင်သည် ပင်လယ်ပြာ၏ကောင်းချီးပေးမှု။ ကြယ်ရောင်မစိုတစို့ လရောင်မလင်းမထင်းဖြင့်တောက်ပနေသည့်ကောင်းကင်ကြီးအောက် ရွှန်းပသောအပြုံးတို့ဖြင့်ပနံတင့်နေသောသူတို့နှစ်ယောက်ဟာမျက်နှာချင်းဆိုင်အနေအထားဖြစ်၍ သက်သေတွေအထပ်ထပ်ပြုနေပါသောအချိန်အခါ...
ဖွေးဖွေးဖြူသောလှိုင်းတို့တဝေါဝေါညာသံပေးသည်ကိုလည်းမေ့ ဖြတ်တိုက်လေသောလေပြေတို့ကိုလည်းမေ့ ကတိတွေအထပ်ထပ်ပေးနေသည့်တစ်မိုးအောက်တစ်မျက်နှာကိုသာ jungkookကြည့်နေမိသည်။"Jeon jungkook shi~~~အခုချိန်ကစပြီးမင်းကငါ့ဘဝကိုယ်ပွားတစ်ခုဖြစ်သွားပြီ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်အရာဖြစ်ဖြစ် မခွဲတမ်း မပြတ်တမ်း အေးအတူပူအမျှ သက်ဆုံးတိုင်ထိ မင်းအနားမှာငါရှိနေပါ့မယ် ၊ ဆုတောင်းတိုင်းသာပြည့်မယ်ဆို နောင်ဘဝအဆက်ဆက်ထိမင်းလက်ကိုပဲငါတွဲမှာ ဤလက်စွပ်လေးကိုသက်သေပြုပြီးတိုင်တည်ပါတယ်"
Jungkookလက်သန်းကြွယ်ထက်တွင်ကတိကဝတ်တွေဖြင့်လက်စွပ်လေးအခြေတည်ခဲ့ပြီ။
ဘူးထဲကကျန်လက်စွပ်လေးကို jungkookယူလိုက်သည်။ အပျော်တွေအတိုင်းအဆမဲ့ဖြစ်နေ၍လက်တွေပင်တုန်ချင်သလိုလို။ လက်သန်းကြွယ်ထိပ်ဖျားမှလက်စွပ်လေးကိုလှည့်သွင်းရင်းသူလည်းကတိကဝတ်တွေဆင်မိပြန်သည်။"Kim seokjin shi~~~ ဒီအချိန်လေးကိုသိမ်းထားချင်လိုက်တာ ကျွန်တော့အသက်ဝိဉာဥ်ဖြစ်တဲ့ Hyungရဲ့သက်ဆိုင်သူကကျွန်တော်ဖြစ်ခဲ့တဲ့အတွက် ကြည်နူးခြင်းတွေကရင်နဲ့မဆံ့အောင်ပဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ Kim seokjinဆိုတဲ့ကျွန်တော့မြတ်နိုးရာလေးကို သေအတူရှင်မကွာစောင့်ရှောက်ကြင်နာပါ့မယ် ဤလက်စွပ်လေးကိုသက်သေပြုပြီးတိုင်တည်ပါတယ်"
![](https://img.wattpad.com/cover/277937333-288-k177876.jpg)
YOU ARE READING
Steady Principle { Completed }