Part [ 13 ]

1.7K 205 70
                                    

သေးငယ်ပေမယ့်သေသပ်သည့်အိမ်ငယ်လေးထဲသို့ လူနှစ်ယောက်အပြေးနှင်ကာဝင်လာသည်။

"Jimin!"

"Jin hyung!"

Seokjinအခန်းပေါက်ဝမှာတင်ခြေလှမ်းတို့ရပ်တန့်ကုန်သည်။ နံရံကိုခပ်လျောလျောမှီကာထားသည့် jiminသည်မလန်းဆန်းသော်လည်း မျက်နှာလေးကဖြူဖတ်ဖတ်လေးနှင့်ကြည်လင်နေ၏။ အပြုံးယဲ့ယဲ့လေးဖန်တီးထား၍ ရယ်လိုက်တိုင်းမှေးကျဥ်းတတ်သည့်မျက်လုံးလေးများကတလက်လက်ဖြင့်မျှော်လင့်တကြီးစောင့်မျှော်နေဟန်။ seokjinနောက်ကိုကျော်ကြည့်လိုက်သော် suitအပြည့်ဖြင့် သူ့ကိုလက်လှမ်းပြနေသော သူ့senior hoseokကိုတွေ့သည်ကြောင့်ပိုလို့ပင်ထပ်ဆင့်ပြုံးသွား၏။ seokjinသူ့အနားသို့ဖြည်းညင်းစွာလျှောက်လာ၍ သူ့ဘေးနားတွင်ထိုင်ကာ လက်တစ်ဖက်ကိုဆုပ်ကိုင်၍မျက်ရည်တို့ဝေ့ဝဲလာသည်။

"Jimin ...hyung hyungလေ"

"Hyung ဘာလို့မျက်ရည်ကျရတာလဲ ကျွန်တော်သေသွားတာမှမဟုတ်တာ"

ကောင်းမွန်စွာမလှုပ်ရှားနိုင်သေးသောjimin သည်ခေါင်းတခါခါလည်တခါခါဖြစ်နေသောseokjin၏လက်ကိုနောက်လက်တစ်ဖက်ဖြင့်အုပ်ကိုင်၍နှစ်သိမ့်ပေးသည်။ seokjinသည်သူ့ရှေ့ကလူအားမျက်လုံးပင်မဆိုင်ရဲသကဲ့သို့ခေါင်းငုံ့၍တိတ်တဆိတ်မျက်ရည်တို့စီးကျသည်။ အားနာသည့်စိတ် မကာကွယ်ပေးနိုင်သည့်စိတ်တို့သည်အလုံးအရင်းသူ့အားဝင်ရောက်တိုက်ခိုက်လာသည်။

"Hyungရဲ့ညီလေးကိုတောင်မျက်နှာချင်းမဆိုင်ချင်တော့ဘူးပေါ့ ဘာလဲကျွန်တော်ကဆိုးလို့လား"

ထိုအခါမှ seokjinခေါင်းထောင်လာတော့သည်။

"မဟုတ် မဟုတ်ပါဘူး hyungကမင်းကိုမျက်နှာချင်းမဆိုင်ချင်တာမဟုတ်ပါဘူး မဆိုင်ရဲတာပါ.....ဖြစ်ခဲ့တာတွေအတွက်မင်းကိုအားနာလွန်းလို့ဘယ်လိုလုပ်ရမလဲ...တောင်းပန်ပါတယ်jiminလေးရယ် hyungတောင်းပန်ပါတယ်မင်းအတွက်မကောင်းခဲ့တဲ့အစ်ကိုတစ်ယောက်မို့"

"ဘာကိုတောင်းပန်ပြန်တာလဲ hyungရှိနေခဲ့လို့ပေါ့ hyungသာမရှိခဲ့ရင်ခုချိန်ကျွန်တော်ဆိုတာဒီကမ္ဘာမှာမရှိတော့မယ့်လူသားတစ်ယောက်ဖြစ်နေလောက်ပြီ hyungသာမကယ်ခဲ့ရင်ကျွန်တော်ဘယ်တော့မှနှိုးထလာနိုင်တော့မှာမဟုတ်ဘူး ဒါကြောင့် hyungကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့ Kimမိသားစုရဲ့မွေးစားသားဖြစ်တာနဲ့တင် Hyungလိုကြင်နာတတ်တဲ့သူနဲ့ညီအစ်ကိုတော်ရတာနဲ့တင်ကျွန်တော်လုံလောက်နေပြီ"

Steady Principle { Completed }Where stories live. Discover now