( Zawgyi )
[ 1 ] • တစ်စုံတစ်ခုရဲ့ အစ •
" ဟုတ်ပါပြီ ဒါတွေအကုန် ကြည့်လိုက်ရင်ရပြီလား ပေး "
ဆိုဖာရှေ့ကစားပွဲပေါ် ခြေနှစ်ချောင်းကိုပစ်တင်ထားကာ စာရွက်တွေကို စိတ်ရှုပ်ဟန် ဆွဲယူသွားတဲ့ သားကိုကြည့်ပြီး Mr.Lee လည်း ဘာမှမပြောချင်တော့ပေ။
သားလေးတစ်ယောက်ပဲရှိလို့ အလိုလိုက်ထားတာပေမယ့် အခု ထိုအလိုလိုက်ထားပေးတဲ့ အကျိုးဆက်တွေကို သူခံစားနေရသည်။
" ညကြရင် ပါတီကို သေချာပေါက် လာခဲ့စမ်းပါ ဟုတ်ပြီလား မင်းကို တခြား လုပ်ငန်းရှင်တွေနဲ့ မိတ်ဆတ်ပေးရဦးမယ် အရင်တုန်းကလို အချိုးတွေလုပ်မနေနဲ့တော့ ဟယ်ချန်း မင်း အခု အသက်လည်းပြည့်ခါနီးနေပြီ နောက် ဖေဖေမရှိတော့ရင် ဖေဖေ့နေရာ မင်းပဲ ယူရမှာ "
သူ့စကားတွေကို သူ့သားတော်မောင်ကတော့ နားထောင်ရင်းနဲ့ မျက်နှာရှုံ့ကာ နှားကို လက်နှင့် ကလော်နေသည်။
" ဖေဖေပြောလို့ပြီးပြီမလား သွားတော့မယ်
ဒါနဲ့ ကျွန်တော် ကားလဲချင်တယ်ပြောထားတယ်နော် နှစ်ရက်ရှိပြီ ဖေဖေ ဘာလို့ အခုထိ မလုပ်ပေးသေးတာလဲ ! "" ပါတီမှာ ပြဿနာမရှာဘူးလို့ ကတိပေးရင် ချက်ချင်းလဲပေးမယ် "
" ရတယ်လေ ဒါပေမဲ့ အခုလဲပေးရမယ် "
" ပါတီပြီး .. "
" မရဘူး အခုလို့ !! "
" ကောင်းပြီ ကောင်းပြီ Johnny ဆီသွားပြီး ရွေးလိုက် "
" OK ! "
ခုနက မျက်နှာရှုံ့မဲ့ကာ ခြေထောက်ကို ဆောင့်နေတဲ့သားက အခုတော့လည်း ဘာမှမဟုတ်သလို မျက်နှာထားဖြစ်သွားလေသည်။
" တစ်ယောက်ပဲမွေးထားလို့ပဲ မဟုတ်ရင် ဒီပုံစံနဲ့ ငါတော့ မြန်မြန် ခေါင်းမွှေးဖြူတော့မှာပဲ ဟင်းး "
ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အသက် ၄၇နှစ် ရှိပြီဖြစ်တဲ့ Mr.Lee က ခေါင်းကိုကိုင်ကာ သက်ပြင်းအသာချတယ်။
သူ့သားလေးက
မိခင်မေတ္တာသေချမရခဲ့တဲ့ သားလေးမို့ သူကပဲ ပိုဂရုစိုက်ပေးရတယ်။
လိုချင်တာဆိုလည်း ငယ်ငယ်တည်းက သားလိုချင်ရင် ချက်ချင်း ၀ယ်ပေးခဲ့တာပဲ။ အဲ့လိုကြောင့် အလိုလိုက်ပေးထားတဲ့ သားက တစ်နေ့တစ်နေ့ပိုလို့ ဆိုးလာတော့တာပဲ။ ဒါပေမဲ့ သား ဘာပဲဖြစ်ချင်ချင် ရအောင် လုပ်ပေးရမှာက ဖခင်ဖြစ်တဲ့ သူ့တာဝန်ဖြစ်တယ်။ ဒီကမ္ဘာပေါ်မှာ သူ့ဇနီးလေးရဲ့ ကိုယ်ပွားဖြစ်တဲ့ သူ့သားလေး စိတ်ချမ်းသာဖို့က အရေးကြီးဆုံးပဲ။
