[ Zawgyi ]
Mark က ငယ်ငယ်တုန်းက တောင်ကိုရီးယားကို ကျောင်းပိတ်တိုင်း လာလည်တတ်သည်။ လာလည်တဲ့အခါတိုင်းလည်း တစ်ဉီးတည်းသော အဒေါ်ရဲ့အိမ်မှာတည်းလေ့ရှိတယ်။
တစ်နေ့ သူကိုရီးယားကို လာလည်ပြီးနောက်နေ့မှာ အိမ်ကို ဧည်သည်သေးသေးလေးရောက်လာတယ်။ အဲ့တုန်းက သူ့အသက် ၁၅နှစ် ။
ရောက်လာတဲ့ ကလေးလေးက မူလတန်းအရွယ်လေး။ ပိတုန်းရောင်လို ဆံသားနက်နက်လေးတွေက ခွေခွေလေးဖြစ်နေပြီး ထိုဧည်သည်သေးသေးလေးရဲ့ နဖူးပေါ်မှာ ကပ်တွယ်နေတာ။ဧည့်ခန်းထဲမှာ စာဖတ်နေတဲ့ Mark က ချက်ချင်းပဲ ထိုဧည်သည်သေးသေးလေး အိမ်ထဲပြေးလာတာကို တွေ့လိုက်တယ်။
လက်ထဲမှာ သိုးမွှေးအရုပ်သေးသေးလေးတွေအများကြီးကို ပိုက်ထားတဲ့ ဧည်သည်သေးသေးလေးက သွားသေးသေးလေးတွေပေါ်တဲ့အထိ ပြုံးရယ်ရင်း သူ့နားရောက်လာတယ်။အခုမှတွေ့ဖူးတာဖြစ်ပေမဲ့ Mark ရဲ့ အနားကို တရင်းတနှီးကပ်ထိုင်နေတဲ့ ကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့ ။
အနည်းငယ်ညိုတဲ့ဘက်သွားတဲ့အသားအရေနဲ့ ဆံပင်ခွေခွေလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးကို သူချက်ချင်းပဲ ဘေးကိုတွန်းလိုက်တယ်။
Mark က သူ့နား လူတွေအရမ်းကြီးကပ်နေတာမျိုးကို သဘောမကျဘူး။ဒါပေမဲ့ စိတ်မကောင်းဖြစ်သွားပုံရတဲ့ ကလေးလေးရဲ့ နှုတ်ခမ်းလေးတွေက မဲ့ကျလာတယ်။
" Hey! Don't cry ~ "" . . . "
နားလည်လားမသိပေမဲ့ ထိုကလေးလေးက မျက်နှာလေးမဲ့ကျပြီး သူ့လက်ထဲက သိုးမွှေးအရုပ်အသေးလေးတွေထဲက တစ်ခုကို Mark ဆီကမ်းပေးလာတယ်။
" အင့် ကိုကို့ဆီ ဒီအရုပ်ပေးမယ် သားကို မတွန်းပါနဲ့ ~ "နှုတ်ခမ်းလေးတွေက မဲ့ကျနေတုန်းပဲ။
Mark ဆီက ဘာမှတုန့်ပြန်ခြင်းကို မရတဲ့အခါ ကလေးလေးက နောက်ထပ် အရုပ်တစ်ခုကို ကမ်းပေးလာပြန်တယ်။
" နှစ်ခု! နှစ်ခု ပေးမယ် ~ "Mark က ထပ်ပြီး မတုန့်ပြန်လိုက်ပြန်ဘူး။
အကြောင်းကတော့ ဒီကလေးလေးပြောတာကို သူနားမလည်ဘူး။
သူ့ရဲ့ Listening Skill က အဆိုးကြီးမဟုတ်ပေမဲ့ သေချာနားထောင်လည်း ကလေးလေးဘာပြောချင်လဲဆိုတာကို သူနားမလည်ဘူး။
