4

654 95 15
                                        

[ Zawgyi ]




" လူတွေက ဘာလို့ အလုပ်ကြိုးစားနေကြတာလဲ
ဘာဖြစ်ဖြစ် သေကြမှာပဲကို အလုပ်တွေကြိုးစားပြီး သေမှာကို စောင့်နေသေးတယ် အသက်ရှိတုန်း ပျော်ပါးတာမဟုတ်ဘူး "

" အနည်းဆုံးတော့ ရှင်သန်နေတဲ့ ဘဝမှာ သူတို့က အကောင်းဆုံးနေထိုင်နေကြတာပဲလေ တစ်နေ့သေမှာ သိနေပေမယ့် ဘာမှမလုပ်ပဲ သေမယ့်အချိန်ကိုပဲ ထိုင်စောင့်နေလို့မှမရတာ ရနေတဲ့ ဘဝမှာ အကောင်းဆုံး ကြိုးစားနေရမှာပေါ့ "

အဲ့ဒီလိုပဲ Minhyung နဲ့ Haechan ရဲ့ အတွေးအခေါ်တွေက သေးသေးလေးကအစ ကွာခြားတယ်။

မိသားစုတွန်းအားနဲ့
စီးပွားရေးလောကကို ငယ်ငယ်တည်းက ဝင်လာခဲ့ရတဲ့ Minhyung ရဲ့ အတွေးအခေါ်တွေက ရင့်ကျက်သည်။
Haechan ကတော့ လူငယ်ပီပီ တွေးသမျှက မှန်ကန်ပေမယ့် အကြောင်းအရင်းတွေကို အလုပ်ရှုပ်ခံပြီး မစဉ်းစားတတ်ပါလေ။
သူတွေးထားတာကတော့ အသက်ရှိနေတုန်း လုပ်ချင်တာလုပ်ပြီး ပျော်ပျော်နေရဖို့သာဖြစ်သည်။


" မင်းနေ့တိုင်း ဒီလိုပဲ ကျောင်းပြေးနေတာလား ပြီးရင် ငါ့ဆီပဲလာလာနေတာ ဦလေးအီ သိရင် ငါ့ကြောင့် မင်းကျောင်းပြေးတယ် ထင်နေဦးမယ် "

" အမှန်ပဲဟာကို.. "

အန်းဂရီးဘာဒ့် ဟာ စာအုပ်ထဲကစာလုံးတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းသည်။ အဲ့တာကြောင့်လည်း သူက စိတ်ဝင်စားဖို့မကောင်းတဲ့ဟာတွေကို ထိုင်ကြည့်နေရမယ့်အစား စိတ်ဝင်စားဖို့ကောင်းတဲ့အရာဆီလာတာပေါ့။

ပြောမယ့်သာပြောတာ မျက်မှောင်ကြုတ်နေတဲ့အချိန်ကလွဲပြီး အလုပ်လုပ်နေတဲ့အချိန်ဆို အန်းဂရီးဘာဒ့် က တအားမိုက်ပဲ!
ဒီ အီဟယ်ချန်းထက်တော့မဟုတ်ပေမယ့် အန်းဂရီးဘာဒ့် က သူ့လောက်နီးနီး ကြည့်ကောင်းပါတယ်လေ။

" စာတွေက ဒါလင့်လောက် စိတ်ဝင်စားဖို့မကောင်းဘူးလေ ~ "

ပြောပြီး Haechan က သူ့ရှေ့မှာ မျက်နှာချင်းဆိုင်ရှိနေတဲ့ မျက်နှာကို လက်ချောင်းတွေနှင့် အသာပင့်မလိုက်သည်။
အန်းဂရီးဘာဒ့် ကတော့ သူ့မူပိုင် မျက်ခုံးနှစ်ခုကို တွန့်ချိုးထားသည့် အမူအရာဖြင့်သာ တုန့်ပြန်ပါသည်။

Bedeutung der Liebe Where stories live. Discover now