12

619 88 7
                                    

[ Zawgyi ]

လုပ်ငန်းရှင်ကြီးတွေစုပြီး လုပ်ကြတဲ့ ညစာ
စားပွဲတစ်ခု။

ညစာ စားပွဲတစ်ခုဆိုတာထက် လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေစတင်ဖို့ နေရာကောင်းပေါ့။
ပြောရရင် Mark ရဲ့ ရည်ရွယ်ချက်ကလည်း အဲ့တာပါပဲလို့ ပြောရမှာပေါ့။
တောင်ကိုရီးယားရဲ့ အိမ်ယာမြေဈေးကွက်ကို ချုပ်ကိုင်ချင်နေကြတဲ့သူတွေက ဟိုတစ်စုဒီတစ်စုအများအပြား။

" *** က အဆောက်အအုံစီမံကိန်းက ဘယ်လိုလဲ
ဟိုတစ်ခေါက်က တွေ့လိုက်တယ်
မြေကွက်အတွက် ဒေါ်လာတော်တော်များများ ပေးလိုက်ရတယ်ဆို "

ရှန်ပိန် တစ်ခွက်ကို လက်ကအသာလှည့်နေရင်း အနားကိုရောက်လာကာ မေးတဲ့သူက အန္တရာယ်ရှိတဲ့သူလို့ ပြောလို့ရတယ်။

စီးပွားရေးလောကမှာဆို သူ့ကို ကြောက်ကြတဲ့သူများတယ်။
အကြောင်းက အဲ့လူက ငွေဆိုရင် ဘယ်နားကရမလဲဆိုတာကို ချောင်းပြီး အရယူနေတဲ့သူဖြစ်တာကြောင့်ပင်။
အလယ်အလတ်လုပ်ငန်းကြီးက သူဠေးတွေဆို သူ့ကို ဝေးဝေးကရှောင်တယ်။
ပြီးတော့ သူ့ကိုတွေ့တာနဲ့ ဒီစကားတစ်ခုပေါ်လာတဲ့အထိပဲ။
" SeoJungmin ရှိတဲ့နေရာ ငွေရှိတယ် "

ဟုတ်တယ်။ အခုမှလုပ်ငန်းစလုပ်မယ့် လူတွေဆို SeoJungmin နား ကပ်ကြတာများတယ်။ ရှင်းပါတယ်။ SeoJungmin နောက်လိုက်ပြီး ပိုက်ဆံဘယ်ကပိုရမလဲ တွက်ကြတာပေါ့။
အဲ့တာကြောင့် ပြောရရင် သူက နောက်လိုက်များတယ်ပေါ့။
စီးပွားရေးလောကရဲ့ လူမိုက်ဆိုရင် နှစ်ယောက်မရှိ SeoJungmin ပါပဲ။

SeoJungmin က Mark နဲ့ အသက်သိပ်မကွာဘူး။
Mark သူ့အဖေရဲ့ Company ကို ဦးစီးပြီး သိပ်မကြာဘူး ဒီလူပေါ်ထွက်လာတာဖြစ်တယ်။
ဒါပေမဲ့ ဘယ်သူ့မှ SeoJungmin ရဲ့ နောက်ကြောင်းကို မသိဘူး။

ရင်းနှီးတယ် မဆိုသာပေမယ့် ဒီလမ်းကြောင်းပေါ်ကို ရှေ့ဆင့်နောက်ဆင့်ရောက်လာတဲ့ လူချင်းအတူတူ လေချင်းဖြောင့်တာမို့ ညစာစားပွဲတွေရှိတိုင်း Mark က Jungmin နဲ့ပဲ စကားပြောတာများသည်။

" Umm .. ဒီအကြောင်းကို သိသွားရပြန်ပြီပေါ့ "

Jungmin က ထိုင်ခုံမှာ လျော့တိလျော့ရဲ မှီထိုင်လိုက်ရင်း ရယ်သည်။

Bedeutung der Liebe Where stories live. Discover now