[ Zawgyi ]
ရှစ်ရက်မြောက်နေ့မှာတော့ သူ့ရုံးခန်းကို ထပ်ပြီး မရက်စက်နိုင်တော့တဲ့ Minhyung က ငဂျစ်ကလေးကို အိမ်သို့ခေါ်လာခဲ့ပါတော့သည်။
မိသားစုအိမ်မဟုတ်ပဲ သူတစ်ယောက်တည်းနေတဲ့ အိမ်ကို ။
တကယ်လို့ သူ့မိသားစုဝင်တွေရှိတဲ့ အိမ်ကိုသာ ခေါ်သွားရင် ငဂျစ်လေးရဲ့ ဂျစ်တိုက်တတ်တဲ့ အကျင့်နဲ့တင် သူရော ခေါ်လာတဲ့ Minhyung ရော အိမ်ပေါ်က ကန်ချခံရနိုင်တယ်။ပြီးတော့ LeeMinhyung က ဘယ်က ကလေး အိမ်ပေါ်ခေါ်တင်လာလဲဆိုပြီး အပြောခံရပါမယ်။
ဒါကြောင့် အကုန်လုံးကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ပေါ့။" မီးဖိုချောင်က ဟိုဘက်မှာရှိ.. "
သူ့စကားမဆုံးသေးပေမယ့် LeeHaechan က လက်ဆွဲအိတ်ကို ဗုန်းခနဲပစ်ချကာ မီးဖိုချောင်ထဲ လှစ်ခနဲပြေးဝင်သွားတော့သည်။
နောက်တော့ Refrigerator ကို ဘုန်းခနဲပိတ်လိုက်တဲ့ အသံပါကြားလိုက်ရပြန်သည်။
အင်း.. သူ့အိမ်က ပစ္စည်းတွေအတွက်တော့ ကြိုတင် အမျှဝေထားပါတယ်။ဧည့်သည်လို့မထင်ရအောင်ကို LeeHaechan ရဲ့ လုပ်ရပ်တွေက အရမ်း ရင်းနှီးလွန်းပါသည်။
ဥပမာ - အခုလို သူ့ဘာသာ မုန့်တွေထုတ်စားနေတာမျိုး။အရင်တုန်းက LeeMinhyung က တအားဇီဇာကြောင်ပေမယ့် သူလည်း အီဟယ်ချန်းနဲ့ တွေ့ပါများလို့ထင် ဒီကောင်လေးရဲ့ အကျင့်တွေကို ရိုင်းတယ်မမြင်ပဲ ရင်းနှီးနေပါပြီ။
Haechan ထိုင်နေတဲ့ စားပွဲရဲ့ တခြားတစ်ဖက်မှာ ဝင်ထိုင်လိုက်ရင်း LeeHaechan ပျော်သွားလောက်မယ့် စကားတစ်ခွန်းကို ပြောလိုက်သည်။
" ရေခဲမုန့်တွေ ရှိသေးတယ် "
" ကျွန်တော့်ကို ထုတ်ပေးပါလား "
ဒါမျိုးကြ တအားခိုင်းတတ်တာပဲနော်။
" ကြည့်ရတာ တစ်ပတ်လောက် ထမင်းမစားရတဲ့ပုံနဲ့ "
" တကယ်ပဲကို.. "
ချက်ချင်းပြန်မေးလိုက်ချင်ပါသည်။
ဒီတစ်ပတ်လုံး ငါမင်းကို ကျွေးထားတဲ့ အစားအစာတွေက ဘာတွေလဲလို့။အစားအစာတွေကို ပေကျံအောင် စားတတ်တာကလည်း ဒီကောင်လေးရဲ့ အကျင့်တစ်ခုပဲဖြစ်ပါလိမ့်မယ်။
ရေခဲမုန့်တွေက ပေပွနေတာများ။
![](https://img.wattpad.com/cover/278511050-288-k107657.jpg)