[ Zawgyi ]
Haechan ကျောင်းကလည်း ပြီးပြီဆိုတော့ တက္ကသိုလ်မတတ်ရခင်အချိန်လေးမှာ Mr.Lee က သူ့သားကို လုပ်ငန်းနဲ့ ပတ်သတ်တာတွေ သင်ပေးဖို့ စီစဉ်ထားသည်။
သူစီစဉ်ပြီးတဲ့အထိကတော့ အကုန် ချောချောမွေ့မွ့ပါပဲ။
အဆင်မပြေတာတစ်ခုက အလုပ်အကြောင်းပြောတိုင်း LeeHaechan က ပတ်ပြေးနေတာပင်။တစ်ဉီးတည်းသောသားလေးတစ်ယောက်ပဲရှိပါတယ်။
အဲ့ဒီသားက ကိုယ့်လုပ်ငန်းကို မဆက်ခံချင်ရင် ဘယ်သူ့ကို သွားပေးရမှာတုန်း ။အလုပ်လုပ်ဖို့ စိတ်ကူးမရှိဘူးလားလို့ မေးတော့လည်း " ထိုင်နေရာကနေ မထရတဲ့ အလုပ်မျိုးဆို လုပ်မယ် " တဲ့။
ကြည့်! ဘယ်လောက် ရိုက်ပစ်ချင်စရာကောင်းလိုက်သလဲ။ငယ်ငယ်တည်းက လိုလေသေးမရှိအောင်ထားတော့ ကောင်လေးက ပိုက်ဆံရှာရတာ ဘယ်လောက်ခတ်လဲ ဆိုတာ သိမှာမဟုတ်ဘူး။
အဲ့တာကြောင့်လည်း အခုလို အေးအေးဆေးဆေးဖြစ်နေတာပေါ့။
လိုချင်ရင် ချက်ချင်းရနိုင်တဲ့ အနေအထားမျိုးမှာဘဲ နေခဲ့ရတာကိုး ။Mr.Lee ကတော့ သူ့သားကို ဒီလိုမျိုးဘဲ ထားထားမှာတော့မဟုတ်ဘူး။
တစ်ခုခုတော့ ပြုပြင်ပေးဖို့ ပြင်ဆင်ရတော့မယ်။အိမ်ရှေ့မှာ ခရီးဆောင်အိတ်နှစ်လုံးနဲ့ မတ်တပ်ရပ်နေရတဲ့ Haechan ။
" ဖေဖေ ဒါဘာလုပ်တာလဲဗျ! "
" မင်း ဒီနေ့ကစပြီး ဒီမှါနေစရာမလိုတော့ဘူး "
" ဘာဗျ!! "
Mr.Lee က ချောင်းဟန့်ကာ စကားကိုဆက်ပြောသည်။
" ကုမ္ပဏီနားမှာ ကွန်ဒိုဝယ်ပေးထားတာရှိတယ် အဲ့မှာ တစ်ယောက်တည်းသွားနေ
ပြီးတော့ ငါ့အသိကုမ္ပဏီမှာ အလုပ်သင်ဆင်းဖို့ပြောပေးထားတယ်။ တရားဝင် ဝန်ထမ်းဖြစ်တဲ့အထိ လုပ်ပြီးရင် ငါ့ကို အိမ်ငှါးခပြန်ပေး ! "" ဖေဖေ! သားအဖချင်းကို ဘာအိမ်ငှါးခလဲ! "
" မရဘူး! မင်းကို အဲ့လိုလုပ်မှရမှာ! ကိုယ့်အဖေကုမ္ပဏီမှာလည်း အလုပ်မလုပ်ချင်နဲ့ ကျောင်းလည်းပြီးနေပြီ အရင်လို အလေလိုက်ခွင့်မပေးနိုင်တော့ဘူး ! "
![](https://img.wattpad.com/cover/278511050-288-k107657.jpg)