22

715 74 19
                                    

[ Zawgyi ]




အခုဆို Lee Haechan က Mark ရဲ့ Company မှာ အလုပ်ဝင်ရင်းနဲ့ Mark နဲ့ အိမ်မှာ ကပ်နေနေတာ အခုဆို နှစ်လပြည့်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ အပတ်ကမှ Mark ရဲ့ ဘွားဘွားက ပြန်သွားတာဆိုတော့ သူတို့အတွက် လွတ်လွတ်လပ်လပ်အချိန်လေးတွေ ပြန်ရခဲ့ပါတော့သည်။

Lee Haechan တစ်ယောက်ကလည်း Company မှာ တစ်ချက်တစ်ချက် ရှယ်ယာရှင်တွေနဲ့ အဆင်မပြေတာရှိပေမဲ့ ဝန်ထမ်းတွေကြားမှာတော့ သူဟာ ချစ်မွှေးကလေးကိုဖြစ်နေရော။

အဲ့ကြားထဲ Mark ရဲ့ အတွင်းရေးမှူးတော့မပါဘူးပေါ့။
အတွင်းရေးမှုးမင်ဟာလည်း Haechan ကို တွေ့တိုင်း မျက်စောင်းထိုးနေပြီး Haechan ဟာလည်း အတွင်းရေးမှုးမင်နဲ့ နှစ်ယောက်တည်း မတွေ့ပါ။

အခုတော့ ကုမ္ပဏီရဲ့ ချစ်မွှေးလေး Lee Haechan က မကြာခင် Mark ရဲ့ CEO နေရာကိုပါ တက်သိမ်းတော့မဲ့ သဘောရှိတယ်။

ဒီမှာ သူဘုရင်ပဲ။ ဝန်ထမ်းတွေက အီဟယ်ချန်းဆို သူ့ထက်တောင် ပိုဂရုစိုက်သေးတယ်။

အချွဲလေးကလည်း သူ့ထက် အသက်အများကြီး ကြီးတဲ့လူဖြစ်ဖြစ် ရွယ်တူဖြစ်ဖြစ် အကုန်လုံးကို ချွဲနေတာများ မယုံနိုင်စရာ ။

" ဒါလင်ရေ! ဒါလင်ရေ! နေ့လည်စာ စားချိန် ရောက်ပါပြီ! "

Haechan ကုမ္ပဏီကို ရောက်လာတဲ့နေ့ကစပြီး Lee Mark ကတော့ ထမင်းစားချိန်ကအစ မှန်နေတော့သည်။
နေ့လည်စာ စားချိန်ရောက်တာနဲ့ တစ်မိနစ်မစွန်းစေရဘဲ အခန်းထဲ Lee Haechan ကြောင့်ဖြစ်သည်။

အလုပ်ဆင်းချိန်ရောက်ရင်လည်း အိတ်ကလေးလွယ်ပြီး သူ့အခန်းထဲ ရောက်နေနှင့်ပြီ။ သူအတက်ကြွဆုံးက အဲ့နှစ်ချိန်ပဲ။

အလုပ်လည်း ကြိုးစားရှာပါတယ်။ တစ်ခါတစ်ခါ မှောက်အိပ်နေတာကလွဲလို့။ ဟိုတစ်ခါကဆို သူ့ရုံးခန်းထဲတောင် လာလှဲအိပ်သေးတယ်။

အခုလည်း နေ့လည်စာ စားချိန်ရောက်တာနဲ့ သူ့ဆီ အပြေးလေးရောက်လာပြီး လက်မောင်းကနေ အတင်ဆွဲလို့ သူသွားချင်တဲ့ ဆိုင်ကို မောင်းခိုင်းတော့တာပဲ။

အင်း၊ ဒီလတွေထဲ Lee Haechan ရဲ့ စားစရိတ်၊ သောက်စရိတ်နဲ့ နေထိုင်တာကအစ သူ တာဝန်ယူပေးထားရတာပဲ။

Bedeutung der Liebe Wo Geschichten leben. Entdecke jetzt