18

653 84 18
                                    

[ Zawgyi ]

နေရောင်ခြည်တွေဟာ ကြည်လင်နေတဲ့ ဖန်သားပြင်ကို ကျော်ဖြတ်ပြီး Mark ရဲ့ အရှေ့က သက်ရှိအရုပ်လေးရဲ့ မျက်နှာအစိတ်အပိုင်းတွေပေါ်ကို ကျရောက်သည်။

ပုံသွင်းပြီး ဖြီးလိမ်းထားခြင်းမရှိတဲ့ ခပ်ရှုပ်ရှုပ် ဆံပင်မီးခိုးရောင်တွေနဲ့ ကောင်လေးဟာ တစ်စုံတစ်ခုကို အာရုံစူးစိုက်ထားတာမို့ မျက်ခုံးတွေက တွန့်ချိုးနေပြီး ကြည်လဲ့လဲ့မျက်ဝန်းတွေဟာ စူးရှနေ၏။

Mark ကတော့ သူ့အရှေ့က သက်ရှိအရုပ်လေးဆီကနေ အကြည့်ကိုမလွှဲနိုင်ဘူး။ လှုပ်ရှားမှုတစ်ခုချင်းစီကို လွတ်သွားမှာစိုးသည့်အလား မြတ်မြတ်နိုးနိုးနဲ့ကို ကြည့်နေဖြစ်သည်။
မျက်တောင်ခတ်ရတဲ့ အချိန်တစ်ခဏလေးကိုတောင် မလွတ်သွားစေချင်သည့်အထိ ။

မထင်မှတ်ပဲ သူဟာ ကောင်လေးအပေါ်ကို နက်နက်ရှိုင်းရှိုင်းနဲ့ကို သဘောကျမိသွားခဲ့တာပဲ။

Mark ကတော့ ပြုံးပြီးကြည့်နေပေမဲ့ ကြာလာလေလေ မြတ်နိုးစရာလေးရဲ့ မျက်ခုံးတွေက ပိုမိုတွန့်ချိုးလာလေဖြစ်ပြီး စိတ်မရှည်သလို ဆံပင်တွေကိုပါ ထပ်ဖွပစ်လိုက်သောအခါ နဂိုတည်းက ရှုပ်ပွနေတဲ့ဆံပင်တွေဟာ ပိုလို့ပွသွားရပြီး ငှက်သိုက်လေးလိုဖြစ်သွားတော့သည်။

သဘောတကျ ရယ်မိသောအခါ ငှက်သိုက်ခေါင်းလေးပိုင်ရှင်ရဲ့ အကြည့်တွေဟာ သူ့ဆီရောက်လာပြီး ဆူပုတ်ပုတ်ကလေး။

" ကျွန်တော်က ခေါင်းတွေစားနေတာကို ဒါလင်ကတော့ ရယ်နိုင်တယ်ပေါ့လေ! "

" ဟ! ကျောင်းဖွင့်တည်းက စာတွေမှသေချာမလုပ်ခဲ့တာ အနီးနားကပ်မှလုပ်တော့ ခေါင်းစားပြီပေါ့ မင်းသားလေးရဲ့ "

ငှက်သိုက်ခေါင်းလေးဟာ စားပွဲပြင်ပေါ်ကို ဖိကပ်သွားကာ Haechan က သက်ပြင်းတစ်ချက်ချလာသည်။
" စာမေးပွဲကို ဖန်တီးခဲ့တဲ့ လူတွေကို မုန်းလိုက်တာ။! ကိုယ့်ဘာသာ နားလည်ထားရင်ရပြီပေါ့။ အဲ့တာကို နားလည်ကြောင်း သူတို့သိအောင်ပဲ ဖြေပြရဉီးမယ်။
အားအားယားယားနဲ့ စိတ်ကိုရှုပ်ဖို့ကောင်းတယ်။ လူကို မယုံသင်္ကာနဲ့! "

Bedeutung der Liebe Where stories live. Discover now