[ Zawgyi ]
အနက်ရောင်ကားလေးဟာ အိမ်ရှေ့မှာ ရပ်သွားတာကိုမြင်ပြီး Haechan က ခြံထဲက အပြေးထွက်လာခဲ့သည်။
တံခါးဖွင့်ပေးနေသည့် ခြံစောင့်ဦးလေးကြီးကို ဖယ်ခိုင်းကာ သူကိုယ်တိုင်တံခါးကိုဖွင့်ရင်း ကားထဲက ထွက်လာမည့် လူကို ခြေတကြွကြွဖြင့်စောင့်မျှော်နေသည်။" ကိုကို! ဒါလင်! "
ကားတံခါးဖွင့်ပြီး ခြေထောက်ချလိုက်တုန်းပဲရှိသေးပေမယ့် Mark လည်ပင်းဟာ တစ်စုံတစ်ယောက်ရဲ့ တင်းကျပ်စွာ ပွေ့ဖက်ခြင်းကို ခံလိုက်ရသည်။
" ဖယ် .. ဖယ်ပါဦး "
Haechan ရဲ့ အိမ်ကိုရောက်နေပြီဖြစ်ပြီး Haechan ရဲ့ အဖေပါ ရှိနေသည်ဆိုသည့် အသိကြောင့် Mark က သူ့လည်ပင်းကို တွယ်ဖက်ထားတဲ့ Haechan ရဲ့ လက်တွေကို အလျင်အမြန် ဆွဲဖယ်လိုက်သည်။
အနည်းငယ်တွန့်သွားသည့် အနောက်တိုင်းဝတ်စုံကို ပြန်ပြင်ရင်း Mark က ချောင်းဟန့်သည်။
" အဲ့လိုတွေမလုပ်နဲ့ Haechan .. အန်ကယ်လီလည်း ရှိနေတဲ့ဟာကို "
" ဖေဖေရှိတော့ ဘာဖြစ်လို့လဲ "
" မင်းဖေဖေဘက်ကကြည့်ရင် မြင်မကောင်းဘူးလေ "
" မြင်လို့မကောင်းရအောင်
ကျွန်တော်တို့က မဖွယ်မရာလုပ်နေလို့လား! "ဆူဆောင့်ဆောင့်ပြောကာ အိမ်ထဲဝင်သွားသည့် ကောင်လေးကို သူတကယ်မနိုင်ပါ။
သူက အစ်ကိုလို ခင်တာဖြစ်နိုင်ပေမယ့် .. Umm တကယ်တော့ Haechan သူ့ကို ဘယ်လို သဘောထားနေလည်းဆိုတာ အသေအချာမသိသေးပေ။ ဒါပေမဲ့ သူ့စိတ်ကတော့ Haechan ကို ညီတစ်ယောက်လို မြင်လို့မရတာတော့ သေချာသည်။" Minhyung .. လာ လာ ၀င်လာခဲ့ "
အိမ်ထဲကို ရောက်တဲ့အခါ Haechan ဖေဖေက အပြုံးဖြင့် နှုတ်ဆက်ပါသည်။
Haechan သူ့အိမ်မှာနေသွားသေးတုန်းက အန်ကယ်လီက သူ့ကို ထမင်ဖိတ်ကျွေးမယ်လို့ ပြောခဲ့ပါသည်။
ထိုနေ့က ဒီနေ့ပင်ဖြစ်သည်။ထမင်ဖိတ်ကျွေးတယ်သာဆိုတာ တကယ်တော့ အန်ကယ်လီနဲ့ စီးပွားရေးအကြောင်းတွေသာ အဓိကပြောဖြစ်ပါသည်။
