[ Zawgyi ]
မနေ့က Haechan ကိုမြင်ပြီး သူလုံးဝအဆင်မပြေပါ။
ဒီလို မသေချာမရေရာတဲ့ အခြေအနေကိုလည်း သဘောမကျတော့။
တစ်ခုခုကို ပွင့်ပွင့်လင်းလင်းဆုံးဖြတ်ပြီး သေချာတဲ့ အခြေအနေတစ်ခုကို ဖန်တီးမှဖြစ်တော့မည်။ဒါပေမဲ့ အဲ့ဒီလိုအခြေအနေရောက်အောင် လုပ်နိုင်မဲ့ တစ်ခုတည်းသော အရာက ဖွင့်ပြောဖို့အပြင်မရှိပေ။
ထိုအကြောင်းအရာကိုတွေးမိပြန်တော့ Mark က သက်ပြင်းချမိသည်။သူနဲ့ Haechan ရဲ့ လက်ရှိအခြေအနေက အရင်းနှီးဆုံးဖြစ်နေပါရက်နဲ့ ဝေးကွာနေသလိုမျိုး။
ဒီတိုင်းနေနေရာက ရုတ်တရက် ဖွင့်ပြောလိုက်ရင် Haechan က သူ့ကိုလက်ခံနိုင်ပါ့မလား။" *သက်ပြင်းချ* "
အခုခေတ်ကလေးတွေစိတ်က ခန့်မှန်းရတာလည်း အခတ်သား။
သူ့ရဲ့စိတ်ထဲမှာ အခြေအနေနှစ်ခုက လွန်ဆွဲနေသည်။
တစ်ခုက အကောင်းမြင်တဲ့စိတ် ။
အကောင်းမြင်တဲ့စိတ်ကတော့ ဖွင့်ပြောလိုက်ရင် Haechan က သေချာပေါက် လက်ခံလိမ့်မယ့်လို့ ထင်နေတာဖြစ်ပြီး ကျန်တဲ့စိတ်ကတော့ ဖွင့်ပြောလိုက်မှ ဒီထက်ပိုဝေးသွားမယ်လို့ ထင်နေတာဖြစ်သည်။ကုမ္ပဏီကစာရင်းတွေလုပ်ရတာထက် ဒီအကြောင်းကို စဉ်းစားရတာက ပိုခေါင်းကိုက်သည်။
အချစ်က နည်းနည်းတော့ ခတ်ခဲတယ်တဲ့လေ။ ~•••
မနက်စောစောစီးစီး အတွင်းရေးမှူးမင်က သူမ CEO ရဲ့ အိမ်ရှေ့ကို ရောက်နေရသည်။
အရင်ကဆို မနက်၉နာရီမှ အလုပ်လာရသည် သူမသည် ညသန်းခေါင်ကြီး CEO က ဖုန်းလှမ်းဆက်ပြီး နှိုးတာ ခံရသည့်အပြင် အခုလည်း မနက်၆နာရီကြီး ကားမောင်းပြီး အိမ်ရှေ့မှာ လာစောင့်နေရပြန်သည်။သူမရဲ့ CEO ကတော့ ဘယ်ချိန်တည်းက ပြင်ဆင်နေလည်းမသိ
ခြံရှေ့ရောက်တာနဲ့ ချက်ချင်းထွက်လာတော့သည်။
ထိုကဲ့သို့ အလျှင်လိုခြင်းရဲ့ အကျိုးဆက်ကတော့ အလုပ်အတွက် စာရင်းဖိုင်တွေကျန်ခဲ့ခြင်းပါပဲ။
ဒါကြောင့် လမ်းတစ်ဝက်ကနေ ပြန်လှည့်ပြီး အိမ်ကို ပြန်လာရပါသေးသည်။" အတွင်းရေးမှူးမင် သွားကြစို့! "
ကားပေါ်မှာ တစ်လမ်းလုံးလည်း Laptop ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၊ ပြုံးလိုက်လုပ်နေသည့် CEO ကို သူမတကယ် နားမလည်တော့ပါ။