14

555 82 14
                                    

[ Zawgyi ]


သာယာဖွယ်မကောင်းတဲ့ တနင်္လာနေ့ မနက်ခင်းဖြစ်သည်။
တတီတီမြည်နေတဲ့ နှိုးစက်နဲ့အတူ LeeHaechan က ကုတင်ပေါ် စောင်တွေနဲ့ လုံးထွေးကာ ငုတ်တုတ် ။

နှိုးစက်ရဲ့ မြည်သံကို မခံနိုင်တဲ့အဆုံး ခပ်ကျယ်ကျယ်တစ်ချက်အော်လိုက်ပါသည်။

မနက်ခင်းရဲ့ သာယာသံလေးပေါ့။ ~

" SHIT! တနင်္လာနေ့က ပြန်ရောက်လာပြန်ပြီ!
အားး တနင်္လာနေ့ မနက်ခင်းတွေက အရမ်းရင်နာဖို့ကောင်းတာပဲ! "

ကုတင်ပေါ်ကနေ စောင်တွေနဲ့လုံးထွေးပြီး ဆင်းလာတဲ့ Haechan ဟာ ရေချိုးခန်းအပေါက်ဝထိ စောင်ကိုဆွဲယူသွားကာ ပစ်ချထားခဲ့ပါသည်။

သူအမုန်းဆုံနေ့တွေထဲမှာ တနင်္လာနေ့လည်းပါတယ်။
တနင်္ဂနွေနေ့ကတော့ အရမ်းသာယာပေမယ့် သူ့ဘေးမှာကပ်ရပ်ရှိနေတဲ့ တနင်္လာနေ့ကတော့ အရမ်းမုန်းဖို့ကောင်းတယ်။
ရက်သတ္တပတ် တစ်ဖန်ပြန်စတဲ့ရက်ဖြစ်ပြီး အဲ့နေ့ကနေ တောက်လျှောက် ၅ရက်လောက် အစောကြီးထပြီး ကျောင်းသွားရမှာမို့လို့ဖြစ်တယ်။

ရေချိုးခန်းထဲက တစ်ဖန်ပြန်ထွက်လာတဲ့ Haechan ကတော့ ၀င်သွာတဲ့ပုံနဲ့မတူစွာ လန်းလန်းဆန်းဆန်းပင် ။

ဒါပေမဲ့ သူ အိပ်ချင်နေတုန်းပဲ။ ~

" မှန်ကြည့်ရတာ စိတ်အချမ်းသာဆုံးပဲ
ဘယ်သူမို့လို့ အဲ့လောက်တောင်ချောရတာလဲ ~ "

ကုတ်အင်္ကျီကို လက်တစ်ဖက်ကကိုင်ပြီး စာအုပ်၂အုပ်ပဲပါတဲ့ လွယ်အိတ်ကိုယူကာ Haechan က အောက်ဆင်းခဲ့သည်။

ဖေဖေကတော့ အလုပ်သွားလောက်ပြီပေါ့။
တစ်ယောက်တည်း မနက်စာမစားချင်တဲ့ Haechan က အိမ်မှာ မနက်စာဘယ်တော့မှမစား ။
အဲ့ဒီအစား Store ၀င်ပြီး ပေါင်မုန့်နဲ့ သောက်စရာတစ်ခုခု သောက်ဖြစ်သည်။ ဒါက သူရဲ့ အမြဲတမ်းစားနေကြ မနက်စာ ။

ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ကာ တစ်ဖက်က ဒိန်ချဉ်ဗူးကိုကိုင်ထားရင်း ထုံးစံအတိုင်း လမ်းမက လူတွေကို လျှောက်ကြည့်ဖြစ်သည်။

အရင်အပတ်က ဗိုက်ကြီးနေသည့် ကြောင်မကြီးသည် အခုတော့ သားပေါက်သွားပြီဖြစ်၏။
အမြဲတမ်း ၀န်ထမ်းတွေကို ဆူတတ်သည့် ပန်းဆိုင်က ဦးလေးကြီးကိုတော့ တွေ့တိုင်း Haechan က လမ်းသွားရင် ခလုတ်တိုက်ပါစေဟု ဆုတောင်းပေးတတ်သည်။

Bedeutung der Liebe Tahanan ng mga kuwento. Tumuklas ngayon