7

660 90 11
                                    

[ Zawgyi ]

လင်းထိန်တောက်ပနေတဲ့ စန္ဒာလမင်းဟာ ညကောင်းကင်ယံထက်မှာ လိုက်ဖက်စွာ တည်ရှိတယ်။
လရောင်ရဲ့ အကူအညီနဲ့ မီးမထွန်းထားတဲ့ အခန်းထဲမှာ မြင်နေတွေ့နေရတာတွေက ခပ်ရေးရေး။

အခန်းကျယ်ကျယ်ရဲ့ အလယ်တည့်တည့်မှာ လူနှစ်ယောက်အိပ်ဖို့အတွက် လုံလုံလောက်လောက်ကျယ်ဝန်းတဲ့ ကုတင်ရှိတယ်။ ထိုကုတင်ပေါ်မှာတော့ စောင်တွေနဲ့ လုံးနေတဲ့ Haechan ရှိနေသည်။

စောင်ကိုခေါင်းကအစ ခြေအဆုံး အလုံဖုံးထားပေမယ့် ချမ်းနေလို့တော့မဟုတ်။
ဂွမ်းစောင်အောက်က ခန္ဓာကိုယ်ဟာ ခေါင်းကနေခြေဖျားအထိ ချွေးတွေစိုရွဲနေပြီး မျက်လုံးတွေကလည်း အတင်းကို မှိတ်ထားသည့်ပုံ။

Haechan တစ်ယောက်တည်းရှိတဲ့ အခန်းထဲမှာ နံရံကပ်နာရီရဲ့ စက္ကန့်လက်တံ တစ်ချက်ချင်း ရွေ့နေတဲ့အသံက ခြောက်ခြားစွာ ထွက်ပေါ်နေလေသည်။

ဂွမ်းစောင်အောက်က Haechan ဟာလည်း စောင်ကို နေရာလပ်မကျန်အောင် လုံလုံခြုံထားပေမယ့် တစ်နေရာရာက လွတ်လပ်နေသလို သူခံစားနေရသည်။

သူရောက်နေတာက သူများအိမ်၊ သူများအိမ်က အခန်း၊ ပြီးတော့ တခြားသူတွေလည်း အိပ်ခဲ့မလာမသိတဲ့ ဧည့်သည်ခန်းက ကုတင်ပေါ် ။ ဒီမှာ နေခဲ့ဖူးသူတစ်ယောက်ယောက်က သေဆုံးသွားခဲ့ပါလျှင် .. ။

ဒီလိုအချိန်ကြမှ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ သရဲကားတွေကလည်း ခေါင်းထဲ အစီအရီပေါ်လာတော့သည်။

ခန္ဓာကိုယ်ဟာလည်း တဖြေးဖြေးကြောက်ရွံမှုကြောင့် တုန်ရီလာတော့သည်။
ဒီကမ္ဘာပေါ်မှာ LeeHaechan အကြောက်ဆုံးအရာ သုံးမျိုးပဲရှိသည်။
အဲ့တာကတော့ နံပါတ်တစ် သရဲ၊ နံပါတ်နှစ် သရဲနဲ့ နံပါတ်သုံး သရဲ တို့ပင်ဖြစ်သည်။

အကြောက်ပြေအောင် လျှောက်တွေးနေပေမယ့် သူရေနေတဲ့ သိုးတွေက ချက်ချင်းပဲ အသတ်ခံလိုက်ရသလို၊ ဇွန်ဘီပဲဖြစ်သွားကြသလိုနဲ့ သူ့အတွေးထဲ သိုးသရဲတွေဖြစ်ကုန်ကြသည်။

* ဒေါက် *

" !!! "

ခုံပေါ်က ပစ္စည်းကျတဲ့အသံကို သူကြားလိုက်တာ မှန်ပါသလား။
သူ့ ခန္ဓာကိုယ်ဟာ ခုနကထက်ပင် ပိုတုန်ယင်လာသည်။

Bedeutung der Liebe Where stories live. Discover now