2

731 90 6
                                    

( Zawgyi )


•Bedeutung der Liebe : 사랑의 의미 •

တစ်ဦးတည်းသော ဖခင်‌​​ကြောင့်ကျောင်းကို
အစောကြီး ရောက်နေတဲ့
ဟယ်ချန်းက ဆက်ပြီး အတန်းထဲထိုင်နေဖို့ စိတ်ကူးတော့မရှိပါ။
ကျောင်းချိန်က ရှစ်နာရီခွဲမှပေမယ့် စာဂျပိုးတွေကတော့ မနက်ခုနှစ်နာရီထဲက အတန်းထဲရောက်နေတတ်သည်။

ပျင်းဖို့ကောင်းလိုက်တဲ့ စာတွေကို ဘာလို့ထိုင်ဖတ်​​​နေကြမှန်း သူတကယ်ကို နားမလည်ပါ။ အလကား သေရင် ကိုယ့်နောက်ပါတာလည်းမဟုတ် ။

ဖခင်ရဲ့စိတ်တိုင်းကျ ကျောင်းကိုအစောကြီးထလာ​​ပြီးသွားပြီဆိုတော့ ကျန်တဲ့အချိန်က သူ့အပိုင်သာဖစ်သည်။
ကျောင်း‌​ပြေးတယ်ဆိုတာ ကြားရသူအဖို့ နည်းနည်း နားဝင်ဆိုးပေမယ့် သူကတော့ ခဏခဏလုပ်​​ဖြစ်သည်။

အတန်းထဲက ထွက်လာပြီး နီးစပ်ရာ Store တစ်ခုမှာ မနက်စာဝယ်ဖို့လုပ်ရသည်။ မနက်က ထမင်းစားပွဲမှာ ဖခင်ရဲ့ မိန့်ခွန်းတွေ‌ကြောင့် မနက်စာကောင်းကောင်းမစားခဲ့ရတာမို့ အခုသူ့ဗိုက်​ဖြည့်ဖို့လိုသည်။

ပေါင်မုန့် နဲ့ ကိုလာတစ်ဗူးကို ၀ယ်လာလိုက်ပြီး ဆိုင်ထဲက ထွက်လိုက်ကာ လမ်းတစ်လျှောက်ကို ရောက်တတ်ရောက်ရာ လိုက်ကြည့်မိသည်။

မနက်စောစောတောင် လမ်းမမှာတော့ လူတွေက တရုန်းရုန်းနဲ့ပင်။ ဘတ်စ်မမှီမှာစိုးလို့ အ‌ပြေးတက်နေတဲ့ ရုံးဝန်ထမ်းတချို့ကိုတွေ့ရသလို ကျောင်းကိုအ‌ပြေးသွားနေတဲ့ ကျောင်းသားတချို့ကိုလည်းတွေ့ရသည်။

သာမန်လူသားတွေရဲ့ နေ့တစ်နေ့က ထိုသို့ပင် ဖြတ်သန်းနေရသည်တဲ့။ နေ့တိုင်း ကြိုးစား
ရုန်းကန်နေရသည်လေ။
ဟယ်ချန်းဆီမှာတော့ ထိုလူတွေမှာ မရှိတဲ့အရာ‌တွေအကုန်ရှိသည်။ သူက ဘတ်စ်မမှီမှာစိုးလို့ ‌ပြေး၍
လိုက်စရာမလိုသလို ပိုက်‌ဆံကိုလည်း အသည်းအသန်ရှာစရာမလိုပေ။
တစ်ခါတစ်လေ သူ့ဘဝကြီးက ပျင်းဖို့တောင်ကောင်းသေးသည်။ လိုချင်တာတွေအကုန်ရနေတာပဲမို့လို့လား။

ဘတ်စ် နှစ်စီးထွက်သွားပြီဖြစ်သလို သူ့လက်ထဲက ပေါင်မုန့်လေးကလည်း ကုန်သွားပြီဖြစ်သည်။

Bedeutung der Liebe Where stories live. Discover now