[ Zawgyi ]
" ဒါလင် .. ကျွန်တော်တို့ နောက်တစ်ခေါက် နမ်းကြမလား "
ကားပေါ်က ဆင်းတာနဲ့ အနောက်ကနေ လိုက်လာရင်း Haechan မေးလိုက်တဲ့ စကား။
ဒီကောင်လေးက သူ့ကို တမင်စချင်နေတာလား။ ဒါမှမဟုတ် Markကို အငွေ့ပြန်ပြီးပျောက်သွားအောင်လုပ်ဖို့ ကြံရွယ်ထားတာလား။" ဒါလင် .. "
" ငြိမ်ငြိမ်နေစမ်းပါ LeeHaechan! "
မျက်စိမှိတ်ပြီး အနောက်ကို လှည့်ကာ အော်တဲ့ Mark ကို Haechan က ပြုံးစစဖြင့်ကြည့်ပြန်ပါသည်။
ကြည့်ရတာ Mark ကို စရတာ တော်တော်ပျော်စရာကောင်းနေသလိုပင်။" .. ဒါလင်က နမ်းတုန်းကနမ်းသွားပြီး အခုမှ မသိချင်ယောင်ဆောင်နေတာပဲ ကျွန်တော့်ကို အခု ဘယ်လိုတာဝန်ယူပေးမှာလဲ "
" hmm ? "
Haechan က လက်ကိုပိုက်ကာ ပြုံးရင်း ပြောလာသည်။
" ဒါလင် ကျွန်တော့်ကို နမ်းလိုက်တယ်လေ အဲ့တာကြောင့် တာဝန်ယူပေးရမှာပေါ့ "ပြောရင်းနဲ့ မျက်ခုံးပင့်ပြလာတဲ့ ကောင်လေးက နတ်ဆိုးလေးနဲ့ တူနေသည်။ ဒါပေမဲ့ ချစ်ဖို့ကောင်းတဲ့ နတ်ဆိုးလေး !
မဟုတ်ဘူး မဟုတ်ဘူး။ တကယ်က ချစ်ဖို့ကောင်းမနေဘူး။
အမှန်ဆို ပါတီမှာတုန်းက သူ့ကို စနမ်းသွားတာ ဘယ်သူလဲ။
တာဝန်ယူခိုင်းကြေးဆို တကယ်တမ်း နစ်နာတာ Mark ပဲ။
ဒီကြားထဲ အဲ့ဒီဂျစ်တူးက သူ့ကို စစနမ်းနေတာ ဘယ်နှစ်ခါရှိပြီလဲ။
သူက အခုမှ တစ်ခါပဲ နမ်းရသေးတာ။" .. ငါ့ကို ပါတီမှာ စနမ်းသွားတာ ဘယ်က အရူးကောင်လဲ "
" အို .. ဒါလင်က အဲ့ဒီကိစ္စကို အခုထိ မှတ်ထားသေးတာပဲ
ဒါဆို အဲ့နေ့က ကိစ္စကို မကျေနပ်လို့ပြန်လုပ်တာလား "မဟုတ်ဘူး တကယ်တော့ ခုနက မင်းက ချစ်ဖို့ကောင်းနေလို့။
" . . . "
ပြန်မဖြေပဲ မျက်နှာလွှဲသွားပြန်သည့် သူ့ရှေ့က လူကိုကြည့်ရင်း Haechan ရယ်မိပါသေးသည်။
ဒီလူကြီးက ဘာလို့ ဒီလောက်တောင် ရှက်တတ် ?" ဘာဖြစ်ဖြစ် ထပ်နမ်းရအောင်လေ
ကျွန်တော် ကိုကို့ ကို နမ်းရတာသဘောကျတယ် "
