10

552 90 13
                                    

[ Zawgyi ]

တစ်ဦးတည်းသော ငဂျစ်လေးကြောင့် ပျက်စီးသွားရတဲ့ ကားက ပြင်လို့ကိုမရတော့ပေ။
ကားပြင်တဲ့သူကတောင် Mark ကို လှို့ဝှက်အေးဂျင့်လို့ထင်နေသေးသည်။
ကြည့်ရတာ မစ်ရှင်လုပ်ရင်း ဒီလိုဖြစ်လာပုံပါပဲတဲ့။

အဲ့လိုနဲ့ ပြင်လို့မရတဲ့ ကားကို ပစ်ထားလိုက်တော့ရင် ကားအသစ်ထပ်ဝယ်လိုက်ရပါတယ်ပေါ့။

ဂျစ်တူးကတော့ လုပ်ချင်တာလုပ်ပြီး ပျောက်သွားပြန်ပါပြီ။
LeeHaechan က သူ့ဆီ လာချင်တဲ့အချိန်လာပြီး ပျောက်ချင်တဲ့အချိန်ပျောက်သွားတတ်သည်။

တွေ့ချင်ရင် ဘယ်နေရာမှာသွားရှာရမှန်းလည်းမသိ။
ကျောင်းကလည်း အရမ်းမှန်တာဆိုတော့။
ပြီးတော့ ကျောင်းကို ခဏခဏ သွားနေတော့လည်း သူ့အဒေါ်က ပေါက်ကရသံသဃတွေဝင်လာသည်။
ဥပမာ - နင် ကလေးမွေးစားထားတာလားတို့ ဘာတို့ ။

တွေးကြည့်မှ LeeHaechan တို့ သူ့ဖေဖေဆီက အဆူခံနေရလားတောင်မသိဘူး။
မျက်နှာက အရမ်းယောင်မနေပေမယ့် ဖခင်ပဲဟာ သားသမီးရဲ့ မျက်နှာအခြေအနေကို မသိပဲနေမတဲ့လား။

" * သက်ပြင်းချ * ဆေးဘူးတောင်မပေးလိုက်ရဘူး ဂျစ်တူးက ဆေးရောလိမ်းရဲ့လား .. မျက်နှာမှာ အမာရွတ်ကျန်လို့မဖြစ်တဲ့ဟာကို "

အိတ်ကပ်ထဲက လိမ်းဆေးဘူးကိုကြည့်ပြီး သက်ပြင်းတစ်ခါထပ်ချမိပြန်သည်။

မျက်စိရှေ့က စာရင်းစာရွက်တွေပေါ်မှာလည်း အာရုံမရှိတော့သလို အာရုံစိုက်လို့လည်းမရတော့ပေ။
ခေါင်းထဲ LeeHaechan ၀င်လာတဲ့ အချိန်ဆို တခြားအရာတွေကို တွေးလို့မရတော့တဲ့အထိ ။
ကြည့်ရတာ သူ အဲ့ကောင်လေးကို အရမ်းကြိုက်နေမိပြီထင်ပါရဲ့။

* Phone မြည်သံ *

Contact Name - ဂျစ်တူး

အသက်ရှည်ပါဦးမယ်။
အခုပဲ သူ့အကြောင်းတွေးမိပြီး မှိုင်နေတဲ့သူကို အဲ့လူက ဖုန်းဆက်လာတယ်ဆိုတော့ စိတ်ချင်းဆက်နေတာဖြစ်ရမည်။

ကြည့်ရတာ ထီထိုးရမယ့်ပုံပါပဲ။ ဖုန်းနံပါတ်တွေလဲပြီးတဲ့ အချိန်တည်းက ဂျစ်တူးဖုန်းဆက်တာ ဒါပထမဆုံးပဲဖြစ်သည်။

Bedeutung der Liebe Where stories live. Discover now