Effect 5

111 6 1
                                    

✨Unicode✨

ထိုနေ့က အဘွားက ဘယ်လိုအပြစ်မျိုးကျူးလွန်ခဲ့လဲလို့ ရိပ်ကို ဆက်မမေးခဲ့ပါ။ ဘုရားရေလို့သာ ရင်ကိုဖိကာ မြည်တမ်းရင်း သနားတဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့သည်။ အဖြစ်မှန်က အဘွားမြင်သလောက် မရိုးရှင်းခဲ့ဘူး။ မမြတ်လေးရုံရဲ့သေဆုံးမှုက ဒီအရှုပ်အထွေးတွေရဲ့ အစပဲရှိသေးသည်။

ရိပ် အတွေးတွေထဲ အဖြေရှာရင်း ရုံးခန်းအဝမှ တံခါးခေါက်သံကြောင့် မော့ကြည့်လိုက်တော့ ယမုံထက်ဖြစ်နေသည်။ ယမုံထက်က ရိပ်ဆီ ဖိုင်တစ်ဖိုင်ကို ပေးပြီး မတင်းမပျော့တဲ့အသံနဲ့ စကားစသည်။

' မာန်နဲ့စာချုပ်ချုပ်ထားတာ နင့်ကိုပေးမယ် '

ရိပ် မယုံင်္သကာနဲ့ ဖိုင်ကိုဖွင့်ကြည့်ကာ မာန်နဲ့စာချုပ်ကိုတွေ့တော့ ပြန်ပေးလိုက်သည်။ ယမုံက အတင်းပြန်ပေးပြီး စိတ်မရှည်စွာ လက်ကိုပိုက်လိုက်သည်။

' နင်သာ ဆေးရုံမတက်လိုက်ရရင် ငါ့ထက်အရင် စာချုပ်ချုပ်ပြီးမှာ...အဲ့ဒါကြောင့် နင်ပဲ ယူထားလိုက်တော့။ ပြီးတော့ သက်သာသွားပြီလား '

ယမုံထက်က ဂရုမစိုက်သလိုလေသံနဲ့ ရိပ်ကို မကြည့်ဘဲမေးနေတော့ ရိပ် မသိမသာပြုံးမိသည်။ ယမုံထက်က ငယ်ငယ်ကအကျင့်အတိုင်း မပြောင်းသေးပဲကိုး။ စိတ်ဆိုးချင်ပေမယ့် စိတ်မဆိုးတတ်တဲ့ကလေးလိုပဲ မာချင်ယောင်ဆောင်နေသေးသည်။

' အင်း သက်သာတယ် '

' ဒါနဲ့ နင့်ကို ဟိုအသစ်လေးက လာကယ်သွားတာဆို...ပြောပါဦး ဘာတွေဖြစ်သွားကြပြီလဲ '

ယမုံထက်ရဲ့ စပ်စုတဲ့ဥာဉ်လေးက ပြန်ပေါ်လာပြီး ရိပ်ကို အတင်းစစ်မေးလေပြီ။

' ဘာမှမဖြစ်ဘူး။ ငါ ကားတိုက်တယ်၊ သူ တွေ့တယ်၊ ဆေးရုံပို့တယ်...ဒါပါပဲ '

' သူ အရင်တွေ့တာလား။ ငါက ကိုသာလွန်ဟန် အရင် နင့်နောက်လိုက်သွားတယ်ထင်နေတာ '

ယမုံထက်က နားမလည်နိုင်တဲ့ပုံစံနဲ့ မျက်မှောင်ကျုံ့ကာ ရိပ်ကို မယုံသင်္ကာနဲ့ ကြည့်လေသည်။ ရိပ်လည်း စိတ်ထဲ မသိုးမသန့်ဖြစ်သွားပြီး ချက်ချင်း Security Roomကို ဖုန်းလှမ်းဆက်လိုက်သည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now