☁️Unicode☁️
ဆူးလေးစာမေးပွဲပြီးတော့ အမှတ်စာရင်းကြည့်သည့်ရက်တွင် ဆက်ကုဋေရယ်၊ ဆရာတပည့်တွေရယ် သုံးယောက်သားခေါင်းချင်းဆိုင်ကာ အမှတ်ထိုင်စစ်နေကြသည်။ ဆူးလေးက အစ်ကိုနှစ်ယောက်ရဲ့မျက်နှာကို မျက်နှာငယ်လေးနဲ့ အကဲခတ်နေရာမှ ပြုံးသွားတဲ့ ဆရာခေတ်သော်စစ်ကြောင့် ရေးခနဲ ပျော်ရွှင်စွာ ထခုန်လိုက်သည်။ ခေတ်သော်စစ်က ပျော်ရွှင်မြူးတူးနေတဲ့ ဆူးလေးရဲ့ဆံပင်လေးတွေကို အသာပွတ်ကာ
' အမှတ်ပြည့်ဖို့ ၂မှတ်ပဲလိုတာ။ ဆရာ့တပည့်လေးကတော်လိုက်တာ '
' ကိုကို...ကိုကို...ဆရာက ချီးကျူးနေပြီ။ ကိုကိုက ဆူးလေးကို ဘာဆုချမှာလဲ '
' ကိုကိုက သီတင်းကျွတ်ကျရင် ဆော့စရာတွေ အများကြီးဝယ်ပေးမှာပေါ့ '
ဆူးလေးက လက်သီးဆုပ်လေးကို လေထဲမြှောက်ကာ ရယ်မောနေရာမှ ဆက်ကို စိတ်ဆိုးနေတာကို သတိပြန်ရသွားဟန်။
' ဒါပေမယ့် ကိုကို့ကို စိတ်ဆိုးနေတုန်းပဲနော် '
' ဆရာရေ ဆရာ့တပည့်ကို ပြောပေးပါဦး။ ဝယ်လည်း ပေးရဦးမယ်၊ စိတ်ကလည်း ဆိုးဦးမယ် '
' ဆရာ ဆူးလေးကမှ ဆရာ့တပည့်လေနော်။ ကိုကိုပြောတာ နားမထောင်နဲ့။ ဆရာရော သီတင်းကျွတ်ကျရင် ဘာလုပ်မှာလဲ '
ခေတ်သော်စစ်ရဲ့ လက်တစ်ဖက်ကို ဆူးလေးက လှုပ်ယမ်းနေကာ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် မေးလာသည်။ ဆက်က သူ့ညီမကို ပြုံးကြည့်နေရာမှ ခေတ်သော်စစ်ကို လှမ်းကြည့်လိုက်တော့ သူ့ကိုခိုးကြည့်နေတဲ့သူနဲ့ အကြည့်ချင်းဆုံသွား၏။
' ဆရာက ဒီတိုင်းအိမ်မှာပဲနေမလို့။ ဘာမှ လုပ်စရာမရှိဘူး '
ခေတ်သော်စစ်ကို တစ်ပတ်လုံး အာပေါက်မတတ် မီးပုံးပျံလွှတ်ဖို့ အဆွယ်တရားဟောနေရတဲ့ ကြေးမုံတစ်ယောက် အိမ်မှာ စာအုပ်ထိုင်ဖတ်နေရာမှ နှာချေမိတော့သည်။
' အဲ့ဒါဆို ဆူးလေးတို့နဲ့ လာဆော့ပါလား။ ဒါမှမဟုတ် ဆရာ့ဆီ လာလည်လို့ရလား '
' ဆူးလေးကိုကိုက လိုက်ပို့ပေးမယ်ဆို လာလည်လို့ ရတာပေါ့ '
ဆက်ဆီသို့ အကြည့်သေးသေးလေးတစ်ခုက ဖျတ်ခနဲ ရောက်လာသဖြင့် မနေတတ်တော့ဘဲ ဆူးလေးရဲ့စာအုပ်တွေကိုသာ သိမ်းနေလိုက်သည်။
YOU ARE READING
ခရမ်းရင့်ရောင်သက်ရောက်မှု
Любовные романыလိပ်ပြာတောင်ပံတစ်စုံရဲ့ လှုပ်ခတ်မှုက ကမ္ဘာရဲ့အခြားတစ်ဖက်မှာ မုန်တိုင်းတစ်ခုအနေနဲ့ သက်ရောက်နိုင်တယ်ဆိုရင်... စိန်ပန်းပြာပွင့်ဖတ်လွှာပေါ် ကျရောက်လာတဲ့ အနီရောင်သွေးတစ်စက်ဟာ လူသားလေးယောက်ရဲ့ ဘဝကို ဗြောင်းဆန်စေမယ့် ခရမ်းရောင်သက်ရောက်မှုတစ်ခုပဲ။ If the Bu...