🍃Unicode🍃
ဦးထိုက်တန်က လက်နက်ရုံများကို လှည့်ပတ်စစ်ဆေးရင်း စောင့်ကြည့်ဖို့လူအရေအတွက်ကို အရင်ကထပ်ပိုပြီးတိုးလိုက်သည်။ ကြေးမုံက သူမအဖေမျက်နှာမှ ပိုမှန်ထက်ပိုတွန့်ချိုးထားတဲ့ မျက်ခုံးများကိုကြည့်ရင်း တစ်ခုခုပုံမှန်မဟုတ်တာကို ခံစားမိသည်။
' အခုတလော ပုလိပ်တွေက ငါ့လက်နက်ရုံနေရာတွေကို ခွေးတွေလိုပဲ လိုက်အနံ့ခံနေတာ။ တစ်ယောက်ယောက်က လက်နက်ရုံစခန်းချတဲ့နေရာတွေ ဖောက်သည်တွေကို တောက်လျှောက်စုံစမ်းပြီး သတင်းပို့နေပုံပဲ '
' အတွင်းသူလျှိုရှိနေတာလား ဖေဖေ '
' မပြောတတ်သေးဘူး။ အခုပြောင်းသွားတဲ့ အရေးပိုင်မင်းအသစ်က ဒီနယ်ရဲ့ကိစ္စတွေကို မကိုင်တွယ်ဖူးတော့ နည်းနည်းဆက်ဆံရခက်နေတယ် '
' ဖြောင့်မတ်လို့နေမှာပေါ့ '
ကြေးမုံက ခပ်ရွဲ့ရွဲ့ပြောလိုက်တာကြောင့် ဦးထိုက်တန်ဆီမှ လှောင်ရယ်သံထွက်လာသည်။
' ဟ...ဘယ်က ဖြောင့်မတ်ရမှာလဲ။ သူက အရင်နယ်တွေတုန်းက ဘိန်းရာဇာတွေရော လောင်းကစားရုံတွေနဲ့ရော ပတ်ရှုပ်ပြီးစားပေါက်ရှာထားတာ။ အခုအရေးပိုင်မင်းဖြစ်သွားတော့ အချင်းချင်းကို လာကြောပြီး နည်းနည်းအာဏာပြချင်နေတဲ့ကောင်။ ငါ့လက်နက်ရုံစခန်းကို သိရင် တရားမဝင်ဖမ်းပြီး ပစ္စည်းတွေကို အထက်ကိုမတင်ပြဘဲ သိမ်းချင်နေတာ '
' သတင်းပေးတဲ့လူနဲ့ အကျိုးတူ ပြန်ခွဲယူလို့ရတာပေါ့။ ပြိုင်ဘက်ကိုလည်း ရှင်းပြီးသား ကိုယ်လည်း စီးပွါးဖြစ်ပြီးသားပဲ။ ဖေဖေ ဦးညဉ့်ပိုင်ကို လုပ်ခဲ့သလိုပဲလေ '
ဦးထိုက်တန်ရဲ့မျက်နှာမှာ ချက်ချင်းပဲ မည်းမှောင်သွားတော့သည်။ ကြေးမုံက မှင်သေသေမျက်နှာထားဖြင့် ပြန်ကြည့်နေသဖြင့် ဦးထိုက်တန်ရဲ့ဒေါသတွေ ပိုဆူပွက်သွားသည်။ ဒါပေမယ့် ကြေးမုံပြောတာတွေအကုန် အမှန်တရားတွေပဲလေ။
ဖေဖေ သတင်းပေးလိုက်တာကြောင့် ဦးညဉ့်ပိုင်ရဲ့ ပွဲရုံကို ပုလိပ်တွေဝင်စစ်ပြီး ဘန်းပြစီးပွါးရေးမှန်းသိသွားကာ သူပိုင်တဲ့ ဘိန်းခင်းတွေ၊ လက်နက်ရုံတွေကို ဝင်စီးပြီးအသိမ်းခံလိုက်ရသည်။ ဦးညဉ့်ပိုင်တို့မိသားစုလည်း ညတွင်းချင်း ထွက်ပြေးခဲ့ရသည်။ ဖေဖေ့လုပ်ရပ်မှန်း မသိရှာတဲ့ ဦးညဉ့်ပိုင်က သူ့သူငယ်ချင်းဒေါ်ပုံနံ့သာတို့လင်မယားဆီ အကူအညီလာတောင်းခဲ့သည်။ နဂိုတည်းက ဦးညဉ့်ပိုင်ကို မနာလိုဖြစ်နေတဲ့ ဖေဖေက မေမေ့ရဲ့သစ္စာရှိမှုကို အမြဲသံသယဝင်နေကာ ပုလိပ်တွေကို ဦးညဉ့်ပိုင် ရှိနေကြောင်း အသိပေးလိုက်သည်။ ဒါကိုသိသွားတဲ့ မေမေက ဦးညဉ့်ပိုင်ထွက်ပြေးဖို့ ကူညီနေတာကိုတွေ့သွားပြီး လိပ်ပြာတောင်ကုန်းကို ပုလိပ်တွေနဲ့အတူချီတက်လာကာ ဦးညဉ့်ပိုင်ကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည်။
YOU ARE READING
ခရမ်းရင့်ရောင်သက်ရောက်မှု
Romanceလိပ်ပြာတောင်ပံတစ်စုံရဲ့ လှုပ်ခတ်မှုက ကမ္ဘာရဲ့အခြားတစ်ဖက်မှာ မုန်တိုင်းတစ်ခုအနေနဲ့ သက်ရောက်နိုင်တယ်ဆိုရင်... စိန်ပန်းပြာပွင့်ဖတ်လွှာပေါ် ကျရောက်လာတဲ့ အနီရောင်သွေးတစ်စက်ဟာ လူသားလေးယောက်ရဲ့ ဘဝကို ဗြောင်းဆန်စေမယ့် ခရမ်းရောင်သက်ရောက်မှုတစ်ခုပဲ။ If the Bu...