🪷Unicode🪷
' ငါအခု လင်းသခင်မဟုတ်တော့ဘူး။ ငါ့နာမည် သျှား '
သျှားက ကောင်းတော်ဝင်ရဲ့လက်ကို သူ့လည်ပင်းမှတွန်းထုတ်ကာ နံရံတွင်ဖိကပ်ခံထားရသည်မှ ရှောင်လိုက်သည်။ ကောင်းတော်ဝင်က နာကျည်းမုန်းတီးသည့် အရိပ်အယောင်များဖြင့် တောက်ခေါက်ကာ သျှားကို ကြည့်နေသည်။
' ခင်ဗျားဘာသာ ဘယ်သူကြီးဖြစ်ဖြစ် ကျွန်တော် စိတ်မဝင်စားဘူး။ ကျွန်တော် သိချင်တာ ခင်ဗျား ကျွန်တော့်အစ်မနားမှာ ဘာလုပ်နေတာလဲ။ အရင်ဘဝက ခင်ဗျား ကြေးမုံကို ဘာလုပ်ခဲ့လဲဆိုတာ မှတ်မိသေးရင် မမနားမှာရှိမနေသင့်ဘူးဆိုတာ ခင်ဗျား မသိဘူးလား။ ခင်ဗျားမှာ အရှက်မရှိဘူးလား...ဟမ်! '
' မင်းတောင် ဆက်ကုဋေ ဘာလုပ်ခဲ့တယ်ဆိုတာ သိသိကြီးနဲ့ မာန်ထည်ဝါနားကို ပြန်ရောက်လာသေးတာပဲ မဟုတ်လား '
ကောင်းတော်ဝင်က မတူဘူးလို့ပြောလိုက်ချင်ပေမယ့် သျှားပြောတဲ့စကားက မှန်နေတာကြောင့် ပါးစပ်ပိတ်သွားသည်။ သျှားက ကောင်းတော်ဝင်ငြိမ်သွားတာကို အခွင့်ကောင်းယူကာ ဆက်ပြောလိုက်သည်။
' ကြေးမုံ၊ လင်းသခင်၊ မင်းခန့်လျှံ၊ ခေတ်သော်စစ်၊ ဆက်ကုဋေ၊ သွန်းငွေစံ...ငါတို့အားလုံး တစ်ချိန်တည်း တစ်နေရာတည်းမှာ ဘာလို့ပြန်မွေးဖွားလာတယ်လို့ထင်လဲ ကောင်းတော်ဝင်။ နောက်ပြီး ငါတို့ပဲ လူပြန်ဝင်စားတယ်လို့ ထင်လား '
' ထပ်ပြီး ရှိသေးတာလား '
' ဘယ်သူလဲဆိုတာတော့ မှန်းလို့မရသေးပေမယ့် ထပ်ရှိဦးမယ်ထင်တယ်။ နောက်ပြီး အဲ့လူက အတိတ်ဘဝက မှတ်ဥာဏ်တွေကိုသုံးပြီး တစ်ခုခုလုပ်ဖို့ကြိုးစားနေတယ်လို့လည်း ငါထင်တယ်။ ငါ့အစ်မ မမြတ်လေးရုံက အတိတ်ဘဝကအကြောင်းကို စုံစမ်းနေရင်းနဲ့ အသတ်ခံလိုက်ရတာ။ ငါတို့မသိသေးတဲ့ အရင်ဘဝက မှတ်ဥာဏ်ရှိတဲ့လူကို မမြတ်လေးရုံ မသေခင်မှာ ရှာတွေ့ပြီး တစ်ခုခုကို သိသွားလို့ နှုတ်ပိတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်။ နောက်ပြီး အခင်းဖြစ်တဲ့နေရာမှာ ရိပ်လည်း ရှိနေတယ် '

YOU ARE READING
ခရမ်းရင့်ရောင်သက်ရောက်မှု
Romanceလိပ်ပြာတောင်ပံတစ်စုံရဲ့ လှုပ်ခတ်မှုက ကမ္ဘာရဲ့အခြားတစ်ဖက်မှာ မုန်တိုင်းတစ်ခုအနေနဲ့ သက်ရောက်နိုင်တယ်ဆိုရင်... စိန်ပန်းပြာပွင့်ဖတ်လွှာပေါ် ကျရောက်လာတဲ့ အနီရောင်သွေးတစ်စက်ဟာ လူသားလေးယောက်ရဲ့ ဘဝကို ဗြောင်းဆန်စေမယ့် ခရမ်းရောင်သက်ရောက်မှုတစ်ခုပဲ။ If the Bu...