🫧Unicode🫧
မာန်ထည်ဝါရဲ့ ဝိုးတဝါးနောက်ကျိနေတဲ့ စိတ်တွေက မဒီရိပ်ပို့လိုက်တဲ့စာတစ်စောင်ကြောင့် အရှိန်အဟုန်နဲ့ နိုးကြားသွားသည်။
" ကောင်းတော်ဝင်က ခေတ်သော်စစ် ပြန်ဝင်စားတာတဲ့ "
ထိုစာကြောင်းကို အကြိမ်ကြိမ်ပြန်ဖတ်ရင်း သူ မှားဖတ်တာမဟုတ်ဘူးဆိုတာ မဝံ့မရဲနဲ့ အတည်ပြုလိုက်ရသေးသည်။ ဒါဆို ကောင်းတော်ဝင်ကိုမြင်တိုင်း ပေါ်လာတဲ့မှတ်ဉာဏ်တွေက သူ ပင်ပန်းပြီး ထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်ဘူးပေါ့။
မာန်ထည်ဝါက မဒီရိပ်ရဲ့အိပ်မက်အကြောင်းကြားတည်းက သူ့ကိုယ်သူ ရူးသွားပြီလို့ထင်ခဲ့သည်။ ခေတ်သော်စစ်ဆိုတဲ့ကောင်လေးဟာ သူ့အတွေးထဲတင်မကဘဲ ရိပ်ရဲ့အိပ်မက်တွေထိ တိုက်တိုက်ဆိုင်ဆိုင် ရောက်နေခဲ့သည်မို့ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်သည်။ အဲ့ဒါကြောင့် ခေတ်သော်စစ်နဲ့ပက်သက်ပြီး ထူးခြားတာရှိရင် သူ့ကို ဆက်သွယ်ဖို့ မဒီရိပ်ကို မှာခဲ့သည်မဟုတ်လား။
ခုတော့ ထိုကောင်လေးဟာ သူဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူးတဲ့။
မာန်ထည်ဝါ ချက်ချင်းပဲ ရိပ်ဆီ ဖုန်းဆက်ကာမေးတော့ ရိပ်က သူ့အိပ်မက်အသစ်တွေအကြောင်းရယ်၊ ကောင်းတော်ဝင်နဲ့ အပြင်မှာ တွေ့တဲ့အကြောင်းရယ်ကို မထိမ်ချန်ဘဲ ပြောပြလာသည်။ သူလည်း ကောင်းတော်ဝင်ကိုမြင်တိုင်း မှတ်မိလာတဲ့ မှတ်ဉာဏ်အချို့ကို ရိပ်ကို အသိပေးလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ မှတ်ဉာဏ်တွေပေါင်းမှ အတိတ်ဘဝရဲ့အခြေအနေကို ပိုပြည့်ပြည့်စုံစုံ သိလိုက်ရတာကြောင့် နှစ်ယောက်လုံး သက်ပြင်းချကာ
' အရေးကြီးတာက...အရင်ဘဝကို မှတ်မိနေတဲ့ မမြတ်လေးရုံက ဘာလို့သေသွားလဲဆိုတာပဲ '
' အရေးကြီးတာက...ခေတ်သော်စစ် ဘယ်လိုသေသွားလဲဆိုတာပဲ '
နှစ်ယောက်လုံးပြိုင်တူပြောရင်း ဟမ်ခနဲ ငြိမ်သက်သွားသည်။
' နင် ငါပြောနေတာကို သေချာနားထောင်နေတာရော ဟုတ်ရဲ့လား မာန်ထည်ဝါ '
တစ်ဖက်မှ ရိပ်က စိတ်မရှည်တဲ့လေသံနဲ့ ပြောလာသည်။
' နားထောင်နေလို့ ပြောတာလေ ရိပ်။ မြတ်လေးရုံတောင် သေသွားတာ ငါတို့ရော အန္တရာယ်မရှိဘူးလို့ထင်နေလား။ ပြီးတော့ ငါတို့ အခုအရင်ဘဝက မှတ်ဥာဏ်တွေပြန်ရနေတာ ငါတို့မတရားသေသွားရတာကြောင့် ကံကြမ္မာက အခွင့်အရေးတစ်ခုပြန်ပေးလိုက်တာ မဟုတ်ဘူးလား။ နောက်ပြီး မမြတ်လေးရုံက သွန်းငွေစံဖြစ်ခဲ့တယ်ဆိုရင် အရင်ဘဝက လူသတ်သမားရှာဖို့က ပိုပြီးတောင်အရေးကြီးသွားပြီ '
![](https://img.wattpad.com/cover/221174243-288-k77534.jpg)
YOU ARE READING
ခရမ်းရင့်ရောင်သက်ရောက်မှု
Romanceလိပ်ပြာတောင်ပံတစ်စုံရဲ့ လှုပ်ခတ်မှုက ကမ္ဘာရဲ့အခြားတစ်ဖက်မှာ မုန်တိုင်းတစ်ခုအနေနဲ့ သက်ရောက်နိုင်တယ်ဆိုရင်... စိန်ပန်းပြာပွင့်ဖတ်လွှာပေါ် ကျရောက်လာတဲ့ အနီရောင်သွေးတစ်စက်ဟာ လူသားလေးယောက်ရဲ့ ဘဝကို ဗြောင်းဆန်စေမယ့် ခရမ်းရောင်သက်ရောက်မှုတစ်ခုပဲ။ If the Bu...