Effect 21

113 3 9
                                    

🍂Unicode🍂

' မမြတ်လေးရုံမှာ ရည်းစားရှိတာလား? '

မဝသုန်ထက်က အနည်းငယ်စိတ်မကောင်းဖြစ်သွားကာ ဓာတ်ပုံထဲက သူမရဲ့ငယ်သူငယ်ချင်းကို ငေးကြည့်လိုက်သည်။

' မသေခင် ၆လအလိုမှာပဲ သူချစ်တဲ့သူကို ရှာတွေ့တာ မြတ်လေးအတွက် ဆုလာဘ်လား ကျိန်စာလား မပြောတတ်တော့ပါဘူး။ ဒီလို အဖြစ်ဆိုးကြီးနဲ့ လောကကြီးက ထွက်သွားတော့မယ်မှန်းသိခဲ့ရင် သူတို့နှစ်ယောက်အတွက် အချိန်ပိုရအောင် အစောကြီးကတည်းက အစ်မ မိတ်ဆက်ပေးခဲ့ရမှာ '

' မမြတ်လေးရုံရည်းစားက အစ်မတို့အတန်းကပဲလား။ သူက အစ်မသူငယ်ချင်းလား '

ကောင်းတော်ဝင်ရဲ့ စူးစမ်းတဲ့အသံကြောင့် မဝသုန်က သူ့ကိုလှည့်ကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။

' အစ်မသူငယ်ချင်းမဟုတ်ဘူး၊ အဲ့အစ်ကိုက အစ်မတို့ထက် အသက်ကြီးတယ်။ အဲ့တုန်းက သူက တက္ကသိုလ်ကျောင်းသားလေ။ အစ်မဝမ်းကွဲအစ်ကိုရဲ့သူငယ်ချင်းမို့ မွေးနေ့ကိုလိုက်လာရင်း မြတ်လေးနဲ့ စတွေ့ကြတာ။ သူ့ပုံတောင် တစ်နေရာရာမှာ ပါမလားပဲ '

မဝသုန်က ရိပ်လက်ထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ခပ်မြန်မြန် လှန်ကြည့်ရင်း ဓာတ်ပုံတစ်ခုကိုတွေ့တော့ ဝမ်းသာအားရနဲ့ လက်ညှိုးထိုးပြသည်။

' တွေ့ပြီ . . . သူပဲ '

မဝသုန်ပြောတဲ့ဓာတ်ပုံကို ရိပ်အပါအဝင် တော်ဝင်ရော ယမုံရောက စိတ်ဝင်တစားနဲ့ ကြည့်လိုက်ရာ ထိုပုံထဲက မမြတ်လေးရုံနဲ့ ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေတဲ့ ရင်းနှီးနေတဲ့လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ မမြတ်လေးရုံက တောက်ပတဲ့မျက်လုံးများဖြင့် သူမအနားမှ ခပ်ချောချောလူငယ်လေးကို ပြုံးလျက် ငေးကြည့်နေ၏။
မပြုံးနိုင်တော့သည်က ထိုဓာတ်ပုံကို ကြည့်နေသည့် လူများပင်။ 

ကောင်းတော်ဝင်ရဲ့မျက်လုံးများက အနည်းငယ်စိုးရိမ်စွာ ရိပ်ကို မော့ကြည့်လာသလို ယမုံကလည်း အထိတ်တလန့်ဖြင့် ရိပ်ကို လှမ်းကြည့်လာသည်။ မဒီရိပ် အသက်ကိုအောင့်ထားလျက် သူတို့ပါးစပ်မှမထွက်နိုင်တဲ့ နာမည်တစ်ခုကို တိုးညှင်းစွာ ရေရွတ်ပေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Dec 02, 2024 ⏰

Add this story to your Library to get notified about new parts!

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now