Effect 10

67 4 1
                                    

🦋Unicode🦋

' မင်းအသက်ကို ပိုင်တာ လင်းသခင်မဟုတ်ဘူး ကြေးမုံ...ကိုယ်ကသာ မင်းအသက်ရှင်ခွင့်ကို ဆုံးဖြတ်ပေးနိုင်တာ '

သူမရဲ့ဝေဝါးဝါးမှတ်ဥာဏ်အပိုင်းအစများကို သတိမလစ်ခင်က ကိုသာလွန်ဟန်နဲ့တူတဲ့ မြင်ကွင်းနဲ့အတူ ချိတ်ဆက်ကြည့်ပေမယ့် တစ်ခုခုက လစ်ဟင်းနေသည်။ ရိပ် ကားတိုက်တဲ့နေရာက CCTVမှတ်တမ်းကို မရခဲ့သလို ကိုသာလွန်ဟန်ကလည်း ထိုနေရာသို့ သူလာခဲ့တယ်လို့ ထုတ်မပြောခဲ့ပါ။

ဒါပေမယ့် ရိပ်မှတ်ဥာဏ်ထဲက ကိုသာလွန်ဟန်က ရိပ်အိပ်မက်ထဲက ကိုသာလွန်ဟန်ရဲ့ဝတ်စားဆင်ယင်ပုံအတိုင်း ဝတ်ထားတယ်။ အိပ်မက်ထဲက ကိုသာလွန်ဟန်က သူ့နာမည်ကို "မင်းခန့်လျှံ"ဆိုပြီး ကြေးမုံရဲ့လက်ဖဝါးပေါ်မှာ ရေးပေးခဲ့တယ်။ မှတ်ဥာဏ်ထဲက ကိုသာလွန်ဟန်က ရိပ်ကို ကြေးမုံလို့ခေါ်ပြီး လင်းသခင်ကိုလည်း သိနေတယ်။

နောက်ပြီး CCTV မှတ်တမ်းကို တောင်းတဲ့နေ့က လိပ်ပြာတောင်ကုန်းအကြောင်းကို ပြောခဲ့တယ်။

ခုနောက်ပိုင်း ရိပ်ပဲ စိတ်စွဲပြီး အပြင်က ရင်းနှီးတဲ့လူတွေအကြောင်း အိပ်ပျော်တဲ့အချိန်မှာ ထင်ယောင်ထင်မှားတွေးနေခဲ့တာလား။ ကိုသာလွန်ဟန်က တကယ်ပဲ ရိပ် အိပ်မက်ထဲက ကြေးမုံအကြောင်းကို သိနေတာလား။ ရိပ်ရဲ့မှတ်ဥာဏ်နဲ့ ကိုသာလွန်ဟန်မှာ တစ်ယောက်ယောက်ကတော့ လိမ်နေတာ သေချာသည်။

မဒီရိပ် သူမအိပ်မက်တွေအကြောင်း မှတ်လေ့ရှိတဲ့ဒိုင်ယာရီထဲမှာ ချရေးထားတဲ့ နာမည်တွေကို သေချာကြည့်ရင်း ကိုသာလွန်ဟန်ဆိုတဲ့နာမည်ကို ဘောပင်နဲ့ အထပ်ထပ်ဝိုင်းလိုက်သည်။

ကြေးမုံ = ရိပ်
လင်းသခင် = သျှား
ဆက်ကုဋေ = မာန်ထည်ဝါ
ခေတ်သော်စစ် = ကောင်းတော်ဝင်
မင်းခန့်လျှံ = ကိုသာလွန်ဟန်

တစ်နေ့ထက်တစ်နေ့ ပိုများလာတဲ့နာမည်တွေက တိုက်ဆိုင်မှုသက်သက်ပဲလား...

စာအုပ်ကိုလျှောက်ခြစ်နေရာမှ သက်ပြင်းချကာ စားပွဲပေါ်မှတစ်နေရာသို့ ရိပ် အကြည့်ရောက်သွားပြန်သည်။ သူမမှာ ဒီပေါက်ကရအိပ်မက်တွေထက် အရေးတကြီးဖြေရှင်းစရာကိစ္စတွေ ရှိနေသေးသည်။ စားပွဲပေါ်မှ ကျိုးကျေနေတဲ့ ခြေရာခံစက်နဲ့ ဖုန်းအဟောင်းကိုကြည့်ရင်း မာန့်ဆီ ဖုန်းဆက်လိုက်သည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now