Effect 13

56 2 5
                                    

🎀Unicode🎀

' အဲ့ဒါဆို ဘာလို့ လင်းသခင်က ကြေးမုံရဲ့အလောင်းကိုဖက်ပြီး လိပ်ပြာတောင်ကုန်းမှာ ငိုနေခဲ့တာလဲ။ မင်း သူ့ကို သတ်လိုက်တာလား '

သျှားက ရိပ်ရဲ့ အကြည့်စူးစူးများအောက်တွင် မျက်နှာမကောင်းပဲ ငြိမ်သက်သွားသည်။

' ကိုယ် သတ်လိုက်တယ်လို့ ထင်နေတာလား ကြေးမုံ '

သျှားရဲ့အမူအရာကြောင့် ရိပ်ရဲ့လက်ဖျားတွေ အေးစက်သွားတော့သည်။ မရင်းနှီးတဲ့အခေါ်အဝေါ်နဲ့အတူ ပြောင်းလဲသွားတဲ့အကြည့်တို့ကြောင့် သျှားက ပိုစိမ်းသက်သွားသယောင်။

' ကိုယ်ငိုနေတယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ။ အဲ့တုန်းက ကြေးမုံ မျက်စိကွယ်သွားပြီမဟုတ်ဘူးလား '

အေးစက်တောင့်တင်းသွားတဲ့ သျှားရဲ့လေသံကြောင့် မဒီရိပ် နောက်သို့ဆုတ်လိုက်မိသည်။ သျှားရဲ့စူးစမ်းတဲ့အကြည့်များအောက်တွင် ရိပ်ရဲ့ ရှုပ်ထွေးသွားတဲ့မှတ်ဉာဏ်များမှ လစ်ဟင်းနေသည့်အချက်အလက်များကို အသည်းအသန်ရှာဖွေလိုက်သည်။

ကြေးမုံက ဘာလို့မျက်စိကွယ်ရမှာလဲ...ဘယ်တုန်းကလဲ...

ရုတ်တရတ် မဒီရိပ်ရဲ့မျက်လုံးထဲမှ စူးအောင့်လာ၍ လက်နဲ့လှမ်းကိုင်လိုက်ရာ ကြိုးချည်ထားသည့် ဖဲကြိုးမှာ တင်းခနဲ ဖြစ်သွားသည်။ သျှားနဲ့ချည်ထားတဲ့ လက်တစ်ဖက်က ရိပ် ဆွဲလိုက်သဖြင့် လေထဲတွင် ရပ်တန့်နေကာ သျှားက စိုးရိမ်စွာ ကြည့်နေသည်။

' မင်း လိမ်ရင်လည်း ဘာမှမထူးဘူး သျှား။ အချိန်ကြာလာတာနဲ့အမျှ ရိပ် အကုန်ပြန်မှတ်မိသွားမှာ။ အဲ့တုန်းက ငိုနေတဲ့မင်းမျက်လုံးတွေက နောင်တတွေနဲ့ ပြည့်နေတယ်။ ပြီးတော့...ကြေးမုံနောက်ဆုံးပြောခဲ့တဲ့စကားက '

' ဒါ ကိုယ်နဲ့အထိုက်တန်ဆုံး အပြစ်ဒဏ်ပဲ ဆိုတာလား '

သျှားက ရိပ်ရဲ့မှတ်ဉာဏ်ထဲက စာလုံးတွေကို ရှာနေတုန်းမှာပဲ ဖြတ်ပြောလာသည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now