Effect 7

66 5 0
                                    

🫧Unicode🫧

' ယမုံ...မဒီရိပ် ဘယ်ရောက်သွားတာလဲ။ ခုနလေးတင် ဒီမှာ မဟုတ်ဘူးလား '

အတန်းဖော်သူငယ်ချင်းပြောမှ ယမုံထက်လည်း မဒီရိပ် သူတို့ဝိုင်းမှာမရှိတော့တာကို သတိထားမိသည်။

' ခဏနေရင် ဆရာမတွေကို ကန်တော့ရမှာကို သူက ဘယ်ပျောက်သွားတာလဲ '

' ခဏလေး ငါ သူ့ကို ဖုန်းဆက်လိုက်မယ် '

ယမုံထက် ဖုန်းဆက်ရင်း ညစာစားပွဲလုပ်ရာ အားကစားကွင်းတစ်ဝိုက်ကို တစ်ချက်ရှာကြည့်လိုက်ပေမယ့် မဒီရိပ်က ရှိမနေပါ။ ရုတ်တရတ်ပေါ်လာတဲ့အတွေးတစ်ခုကြောင့် ယမုံထက် ရင်ပူသွားရပြီး မဒီရိပ်ကိုရှာရန်အထ သျှားက သူမတို့ဝိုင်းနား ရောက်လာသည်။

' ကျွန်တော် သွားရှာလိုက်မယ်။ အစ်မတို့ ဒီမှာကူစရာရှိတာ ကူပေးလိုက်ပါ '

ယမုံထက် ဘာမှမပြောနိုင်ခင်မှာပဲ သျှားကပါ စာသင်ဆောင်တွေရှိရာသို့ တစ်ချိုးတည်းပျောက်သွားသည်။

မဟုတ်မှလွဲရော...ဟိုနေရာကို သွားတာမဟုတ်ဘူးမလား မဒီရိပ်။

' နင် တော်တော်ရူးတာပဲ '

အချင်းချင်းမတည့်သည့်တိုင်အောင် မဒီရိပ်ရဲ့အဆိုးဆုံးအခြေအနေတွေမှာ အတူတူရှိနေခဲ့တာကြောင့် ယမုံထက် ကိုယ်ချင်းစာစွာ ရေရွတ်မိသည်။

သျှား စာသင်ဆောင်တွေဘက်ကို အပြေးသွားရင်း စိန်ပန်းပြာဆောင်နားရောက်ခါနီးတွင် လှုပ်ရှားမှုတစ်ခုကို မြင်လိုက်တာကြောင့် သစ်ပင်ရိပ်တစ်နေရာတွင် ကွယ်ပြီး အမြန်ပုန်းလိုက်သည်။

' မမြတ်လေးရုံ...ရိပ်ကို ခွင့်မလွှတ်ပါနဲ့ '

မဒီရိပ်က မမြတ်လေးရုံသေဆုံးခဲ့တဲ့နေရာမှာ ပန်းတစ်ပွင့်တင်လိုက်သည်ကို သူ တွေ့လိုက်ရသည်။

အရင်တစ်ခါက ခွင့်လွှတ်ခိုင်းတယ်...အခုကျတော့ ခွင့်မလွှတ်ပါနဲ့တဲ့။ မဒီရိပ်...မမ တကယ်ပဲ ဘာတွေဖုံးကွယ်ထားတာလဲ။

သျှား ကြည့်နေရင်း ရိပ်အနောက်သို့ လူတစ်ယောက်ချဉ်းကပ်သွားတာကို မြင်လိုက်ရ၏။ ထိုသူက ရိပ်ရဲ့လက်တစ်ဖက်ကို ကြမ်းကြမ်းတမ်းတမ်းဆွဲလှည့်လိုက်ချိန်တွင် လရောင်ဖျော့ဖျော့အောက်မှ သူမျှော်လင့်ထားပြီးသားမျက်နှာတစ်ခုကို သျှား မြင်လိုက်ရသည်။

ခရမ်းရင့်ရောင်သက်ရောက်မှုWhere stories live. Discover now