အခန်း 《1》(Unicode&Zawgyi)

20.6K 1.7K 23
                                    

အခန်း 1UNICODE

ရှန်ရှို့ကျဲ က C-list ဝင်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရည် ကြည့်ကောင်းမှုအပေါ် မှာ မှီခိုရပ်တည်နေတာဖြစ်သည်။ သူ့ရဲ့သရုပ်ဆောင်ချက်တွေဟာ အသက်မပါ၊သီချင်းဆိုပြန်ရင်လဲ အံဝင်ခွင်ကျဖြစ်အောင် မဆိုနိုင်ပေ။သို့ပေမဲ့ ပရိတ်သတ်တွေက သူ့မျက်နှာလေးကို မလွန်ဆန်နိုင်ကြသည်ဖြစ်၏။

အမှန်တရားတစ်ခု ပြောရပါလျှင် ရှန်ရှို့ကျဲနဲ့ ကျန့်ဟောက်ဖုန်းတို့ရဲ့လက်ထပ်ပွဲက စာချုပ်အရလို့ယူဆနိူင်သည်။ ရှန်ရှို့ကျဲ ယအနေနဲ့ ကျန့်ဟောက်ဖုန်းနဲ့ လက်ထပ်စဥ်အချိန်က သူ့နာမည်နဲ့ငွေဆိုတာ မရှိခဲ့ပေ။ထို့အပြင် အလုပ်ပြုတ်ထားခါစလဲဖြစ်သည်။

လက်ထပ်ပြီးနောက်မှာ ရှန်ရှို့ကျဲက စတင် အလုပ်လုပ်ချင်လာသည်။ ကျန့်ဟောက်ဖုန်းက သူ့ကိုဘာလုပ်ချင်လဲလို့ မေးတုန်းက ရှန်ရှို့ကျဲက ဇာတ်ကားတွေကြည့်နေခဲ့တာဖြစ်ပြီး သူကြံရာမရစွာပဲ ဖြေလိုက်သည်က ''ဇာတ်ကားတွေလို့ ထင်တာပဲ..''

ဒါသည် ရှန်ရှို့ကျဲ ဘယ်လို သရုပ်ဆောင်ဖြစ်လာသလဲဆိုတာသာဖြစ်တော့သည်။ ကျန့်ဟောက်ဖုန်းက အမြဲလိုလိုအလုပ်များနေတတ်သူ။ ရှန်ရှို့ကျဲ သရုပ်ဆောင်ဖြစ်လာခဲ့ပြီးနောက်မှာပိုင်း သူ့အတွက် အားလပ်ချိန်ဆိုတာ နည်းပါးလာခဲ့သည်။ ရံဖန်ရံခါ တီဗီမှာ သူ့ရဲ့အသက်မပါတဲ့ သရုပ်ဆောင်မှုတွေကို ကိုယ်တိုင်ကိုယ်ကျမြင်ရတဲ့အခါမျိုးဆိုရင် ပရိသတ်တွေရဲ့မျက်လုံးကိုလောင်ကျွမ်းအောင်လုပ်နေတာ ရပ်သင့်ပြီဟု တွေးမိလာသည်။

သို့သော် တခြားအလုပ်ကိုရှာဖို့အတွက်လဲ ကျန့်ဟောက်ဖုန်းကိုဒုက္ခပေးရမှာ သူဝန်လေးနေတုန်းဖြစ်သည်။ အခုထိ ရှန်ရှို့ကျဲက ရရှိခဲ့တဲ့အလုပ်ကို ဘယ်လိုလုပ်နေသလဲဆိုတာ ကျန့်ဟောက်ဖုန်း မသိသေးတဲ့အတွက် သက်သာရသေး၏။netizenတွေ သူ့(ရှန်ရှို့ကျဲ )အတွက် ရေးသားတဲ့ မှတ်ချက်တွေကိုသာ သူ(ကျန့်ဟောက်ဖုန်း)သိခဲ့မယ်ဆိုရင် သေချာပေါက် အကျပ်ရိုက်သွားမှာပင်။

မကြာသေးမီက သူတို့တွေ ဇာတ်ကားရိုက်ကူးရေးတစ်ခုမှာ လုံးပန်းနေခဲ့ကြတာဖြစ်ပြီ ဒါဟာ ရှန်ရှို့ကျဲ အိမ်မှာ ခဏမျှအနားယူနိုင်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပင်။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now