အခန်း《18》(Unicode&Zawgyi)

6.6K 1.1K 18
                                    

Unicode


အကြီးအကဲဟုထံမှ ပြန်ရောက်လာသည့်အခါ ရှန်ရှို့ကျဲမှာ ကျန့်ဟောက်ဖုန်း၏လက်အား တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။
အမှန်ဆိုပါလျှင် သခင်လေးကျန့်သည် ယနေ့တက်ရောက်လာရန်ဝတ္တရားမရှိပါပေ။ သို့ရာတွင် သူ၏တက်ရောက်မှုသည် ပို၍ ထင်ရှားစေရန်ရယ်ရွယ်၍ ရှို့ကျဲကိုလာမခေါ်မှီ လက်ဆောင်ထုတ်ပိုးသွားရန်ဆုံးဖြတ်လိုက်၏။

ရှန်ရှို့ကျဲမှာ ဟောက်ဖုန်းကိုမြင်လေကတည်းက ထူးဆန်းစွာပြုမူနေသည်ဖြစ်ရကား သခင်လေးကျန့်ရင်ထဲမှာ ပူပင်လာရ၏။ ဒါက စီစဥ်မထားတဲ့ သူ့ရဲ့ရောက်ရှိလာမှုကြောင့်ဖြစ်နေသည်လားလဲ သူ မသေချာပါပေ။ ထိုသည်ကား ရှို့ကျဲလေး၏လူမှုဆက်ဆံရေးနယ်ပယ်ကို ပိတ်ပင်လိုက်သကဲ့သို့ဖြစ်ကောင်းဖြစ်လာလိမ့်မည် မဟုတ်ပါလား။ သခင်လေးကျန့်မှာ သူ၏အပြုအမူတို့ကို ပြန်လည်သုံးသပ်နေသည့်တိုင် သူဘာမှ အမှားမလုပ်ထားသည်ဖြင့်သာအဆုံးသတ်နေလေ၏။

သူတို့အိပ်ခန်းထဲသို့ ဝင်လိုက်သည့်မိနစ်ပိုင်းတွင်ပင် ရှန်ရှို့ကျဲက ကျန့်ဟောက်ဖုန်းအား တင်းကျပ်စွာဖက်တွယ်လာခဲ့လေသည်။ သခင်လေးကျန့်က ရှို့ကျဲ၏ခေါင်းပေါ်ကဆံပင်လေးများကို ဖွပေးလိုက်ရင်း မေးမြန်းလိုက်၏။

"ဘာဖြစ်နေသလဲ?"

ရှန်ရှို့ကျဲက ချက်ချင်းပင်သူ့အားတံခါးဆီသို့ တွန်းလိုက်ပြီး သူ၏လည်စည်းကိုဆွဲလိုက်ကာ ပြောလာသည်။

"ကျန့်ဟောက်ဖုန်း , အချစ်တွေဖန်တီးလိုက်ရအောင်"

《Warning: Sexual Contents and uncensored scenes Alert🚨
Read at your own rick or You can skip this chapter ⚠️》

ကျန့်ဟောက်ဖုန်း၏ မျက်လုံးအစုံမှာ မဲမှောင်သွားပြီး သူကနာခံစွာဖြင့် ရှန်ရှို့ကျဲအား သူ့ဝတ်ရုံကိုစုတ်ဖြဲဖွင့်ဟဖို့ခွင့်ပြုလိုက်သည်။ ကြောင်ကလေးကဲ့သို့ပင် ရှို့ကျဲက သူ၏လည်တိုင်နှင့်ရင်အုပ်တို့ကို စတင်လျက်လာလေ၏။ ရှန်ရှို့ကျဲမှာအနည်းငယ်စိတ်စောနေပုံပေါ်ကာ သူ၏လက်အစုံတို့သည်လည်း ခါးပတ်ကြိုးကိုဖြုတ်ဖို့ ကြိုးစားနေသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ထိုသည်ကားမကျွတ်ပဲရှိနေလေ၏။
ရှို့ကျဲ၏အသံလေးမှာ ငိုတော့မယောင်ဖြင့်အကူအညီတောင်းလာသည် ။

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now