အခန်း《8》(Unicode&Zawgyi)

7K 1.1K 57
                                    

အခန်း《8》

Unicode


ဒါရိုက်တာခန်းတွင် ဟုန်ထျန်းအင်တာတိန်းမန့်၏ ဥက္ကဌလီမှာ လက်ဖက်ရည် သောက်နေရင်း ခွက်ကိုလည်းလက်တွင်ထားကာ   ဒါရိုက်တာထံသို့ ယဥ်ကျေးစွာဖြင့်စတင်စကားပြောလာ၏။

"ဒါရိုက်တာဆွန် မင်းဒီနှစ်တွေမှာတော်တော်ထူးချွန်လာတာပဲ...ဝက်ဝက်ကွဲအောင်မြင်လာတဲ့ ဇာတ်ကားတချို့ကတောင်မင်းလက်ထဲမှာ!နောက်ကျရင် ဟုန်ထျန်းကမျက်နှာသစ်တွေကိုပါ စည်းရုံနိုင်ဖို့မျှော်လင့်တယ်။ပြီးရင်မင်းရဲ့ထုတ်လုပ်ရေးမှာသူတို့ မျက်နှာပြဖို့ ရွှေအခွင့်အရေးလေးတွေပေးလိုက်!"

"ဥက္ကဌလီ, မင်းကအရမ်းကြင်နာတတ်တာပဲ..ဒါပေမဲ့ ဒီနေ့ ရုတ်တရက်ကြီး ကျွန်တော်တို့ဆီလာလည်တာက တကယ်အံသြသွားရတာပဲ!မင်းနဲ့အတူလာတာက သခင်လေးကျန့် မလား ?"

"မှန်တာပေါ့!"

"ဟင်?"

ဒါရိုက်တာဆွန်၏ မျက်နှာမှာအံသြမှုများဖြင့် ဖုံးလွှမ်းသွား၏။

"သူနဲ့ ရှောင်ရှန်က...??"

"အင်း.."

ဒါရိုက်တာဆွန်မှာ ချက်ချင်း "ငါမင်းဘာဆိုလိုတယ်ဆိုတာသိတယ်"ဆိုတဲ့အမူအရာဖြစ်သွားလေသည်။

""ဒီရက်ပိုင်းမှာ ဖျော်ဖြေရေးလောကမှာ မထိရသေးတဲ့ကလေးတွေကို တွေ့ဖို့ဆိုတာ တော်တော့်ကို မဖြစ်နိုင်နေတာ..ရှောင်ရှန်လိုမျိူး ပင်ကိုစရိုက်ကောင်းပြီး လုံ့လရှိတဲ့ကလေးကပါ စပွန်ဆာရှိတယ်လို့ဆိုတော့ တကယ့်ကို မကြည့်တတ်တော့ဘူးပဲ"

ဥက္ကဌလီ၏မျက်နှာဖောင်းမို့မို့မှာ လက်ဖက်ရည်ပင်သီးမတတ်ဖြစ်သွားရသည်။

"မင်း ဘယ်လိုတွေတောင်စဥ်းစားနေတာလဲ?သူတို့ကတရားဝင် လင်မယားနှစ်ယောက်ဟ!"

"ဘာ!?"

ဥက္ကဌလီက လက်ဖက်ရည်ခွက်ကို စားပွဲပေါ်နေရာချလိုက်ပြီး

"တကယ်တော့ ငါလဲအဲ့လောက်မသိဘူးကွ,  တအား ကြီးကြီးမားမားနဲ့ အံသြစေတဲ့အရာတွေမဟုတ်တော့လဲ ဒီလောက်ထိတော့ မြန်မြန်မပြန့်ပါဘူး.. ငါ့ ကုမ္မဏီမှာအစည်းအဝေးနဲ့လုံးပမ်းနေတုန်း ကျန့်ဟောက်ဖုန်းကငါ့ကိုဖုန်းခေါ်တယ်။
သူ့အသံက စိုးရိမ်နေသလိုနဲ့ ဖုန်းထဲကနေလည်း သိပ်စိတ်မရှည်နေသလိုပဲ!ကျုပ်မိန်းမ ရိုက်ကွင်းမှာ မတော်တဆဖြစ်တယ်လို့ ငါ့ကိုပြောတာ..ငါလည်းတကယ်အံသြသွားတာပဲ!သခင်လေးကျန့်ကို စိတ်ပူစေတာပြင်းထန်တဲ့ပြုတ်ကျမှုကြီးပဲဖြစ်နိုင်တယ်လေ။ ဒါကြောင့် ငါဒီကို ကျန့်ဟောက်ဖုန်းနဲ့လိုက်လာလိုက်တာ !
သူကဆရာဝန်တောင်ခေါ်လာသေးတာ,ငါတို့ရောက်ရောက်ချင်းပဲ ရှောင်ရှန်ကစောင်ထဲမှာ အေးအေးဆေးဆေးလေးအိပ်နေတာမြင်လိုက်ရတာပဲကွာ !ဆရာဝန်က ဘာဖြစ်နေသလဲဆိုတာတစ်ခါလောက် စမ်းသပ်ပြီး ချက်ချင်းလေယာဥ်နဲ့ပြန်ထွက်သွားတာပဲ "

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now