အခန်း〔2〕(Unicode&Zawgyi)

12.1K 1.5K 49
                                    


UNICODE

နောက်တစ်နေ့၌ ရှန်ရှို့ကျဲက မနက်စာပြင်ဆင်ဖို့စောစောနိူးလာခဲ့သည်။ ကြက်ဥအဖြူလေးအချို့ကို ပြင်ဆင်နေရင်း ယာဂုခပ်စေးစေး ပန်းကန်လုံးအသေးလေးကို မိနစ်၄၀ခန့်အပူပေးလိုက်သည်။ ကြက်ဥတစ်လုံးစီက အနှစ်တွေကိုထုတ်ယူပြီး အအေးခံဖို့ရာအတွက်လဲ အထူးဂရုစိုက်၏။
ထို့နောက်မှာတော့ သူအရင်တစ်ခေါက် ခရီးမသွားခင်က ပြင်ဆင်ထားတဲ့ ဟင်းရွက်ချဥ်တွေကို ထုတ်ပြီး ငံပြာရည်ပန်းကန်အသေးလေးထဲသို့ ထည့်လိုက်သည်။

ကျန့်ဟောက်ဖုန်း အိပ်ရာကထလာတဲ့အခါမှာ ဖွယ်ဖွယ်ရာရာရှိလှတဲ့ မနက်စာနဲ့တိုးလိုက်ကာ အကုန်လုံးပြင်ဆင်ပြီးနှင့်ပြီဖြစ်၍ စားဖို့အတွက် အဆင်သင့်ပင်။

သူ တစ်ချက်ဝေ့ကြည့်လိုက်ပေမဲ့ ရှန်ရှို့ကျဲကို မတွေ့ရ။
စားပွဲက ခပ်နွေးနွေး ယာဂုပန်းကန်လုံးလေး အဖို့ကတော့ နှစ်လုတ် သုံးလုတ်နဲ့တင် ကုန်သွားပြီးပြီ။ သူစားပြီးတဲ့နောက် မီးဖိုချောင်ထဲကို ဝင်သွားဖို့ အကြောင်းပြချက်ရခဲ့ပေမဲ့ ဘယ်သူမှမရှိနေခဲ့ဘူးလေ။

ဒီအတွက်ကြောင့် သူအနည်းငယ်စိတ်ဆိုးသွားကာ၊ ပန်းကန်လုံးတွေကို ဘေးဖက်သို့ ဝန်လေးစွာ တွန်းပစ်လိုက်သည်။ သို့ပေမဲ့ သူ့ခေါင်းကို မော့လိုက်တဲ့အခါ ပြတင်းပေါက်အပြင်ဘက်မှာ တစ်စုံတစ်ယောက်ရဲ့ ပုံသဏ္ဌာန်လေးကို ရုတ်တရက်မြင်လိုက်သည်။

မြန်မြန်ပဲ ပန်းကန်လုံးကိုကောက်ယူကာ မီးဖိုချောင်ထဲမှ ကသုတ်ကရုတ်ဖြင့်ထွက်လာခဲ့ပြီး ထမင်းစားခန်းဧရိယာမှာပြန်ထိုင်လိုက်သည်။ လုပ်နေကျအတိုင်းသတင်းစာဖတ်နေသယောင် ဟန်ဆောင်လိုက်သည်။

ရှန်ရှို့ကျဲ ဝင်လာတဲ့အခါမှာ ကျန့်ဟောက်ဖုန်းရဲ့လက်ထဲက ပန်းကန်လေးက ကုန်နေပြီဖြစ်သောကြောင့်မေးလိုက်သည်။
''ထပ်ယူဦးမလား?''

ကျန့်ဟောက်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ရင်း သတင်းစာကိုသာ သဲကြီးမဲကြီးဖတ်နေသည်။ ရှန်ရှို့ကျဲက မျက်နှာပြုံးပြုံးလေးဖြင့် ပန်းကန်ကိုယူလာပြီး
''ခွက်တစ်ဝက်လောက်ပဲ ဆိုရင်ရောဟင်?မနေ့ညကလဲ ခင်ဗျားအများကြီးစားထားသေးတာကို..ခင်ဗျား အသက်ကဘယ်လောက်မို့လဲ၊အစားလွန်တာကို ရှောင်သင့်တာမသိဘူးလား?''

ပဲနီနို့ဖျော်ရည်အေး ||Completed||Where stories live. Discover now